"If I got an escape again,I'll be still your side"(system)၂၀၂၂ခုနှစ် မတ်လ ၈ရက်နေ့ ..........
တိတ်ဆိတ်ငြိမ်သက်နေသော ပတ်ဝန်းကျင်အား စတိတ်စင်တစ်ခု၌ဖျော်ဖြေကြသော Showပွဲတစ်ခုက မင်းမူလျက်ရှိနေသည်။ပင်းယမြို့တော်၏အကြီးမားဆုံးစတိတ်စင်တစ်ခုဖြစ်သည့်Shinestarစင်ပေါ်တွင် လာရောက်ကြည့်ရှုသူများမှာလည်း လူဦးရေတစ်သိန်းဝန်းကျင်ပင်ကပ်နေပြီဖြစ်သည်။
ဤပွဲသို့လာရောက်ဖျော်ဖြေကြသော အနုပညာရှင်များစွာနှင့်အတူနွေအကူးသည်လည်းလာရောက်ဖျော်ဖြေရန် ကမ်းလှမ်းခြင်းခံရလေသည်။မြန်မာ-တရုတ်စပ်ကပြားဖြစ်သောကြောင့်အသားအေရကြည်လင်ပြီးအပြစ်အနာအဆာ ကင်းစင်ေနသည်။နွေအကူးသည် စတိတ်စင်ရှိပွဲကြည့်ထိုင်ခုံ၌ထိုင်နေကြသော ပရိသတ်တစ်ဝက်၏အချစ်ကိုပိုင်ဆိုင်ထားသူလည်းဖြစ်သည်။
စတိတ်စင်နောက်ဘက်ရှိအလှပြင်ခန်းတွင် နွေအကူးအပါအဝင်အခြားသောအနုပညာရှင်များအသီးသီးပြင်ဆင်နေကြကာ မိမိအလှည့်ရောက်လာမည်ကို စောင့်စားနေကြလေသည်။အချို့ေသာအနုပညာရှင်များ၏
အကြည့်သည်လည်း နွေအကူးထံတစ်ဝဲလည်လည်ဖြစ်နေလေသည်။ယောကျ္ားလေးတစ်ယောက်ဖြစ်လင့်ကစား မိန်းကလေးများထက်ပင် ပို၍လှပနေသောနွေအကူးအား အချို့ကအားကျနေသကဲ့သို့ အချို့သည်လည်း မနာလိုဖြစ်နေကြလေသည်။လှပကျော့ရှင်းသောအသားအရေနှင့်အတူချိုသာသောအသံနှင့်ဆွဲညို့ဖွယ်ကောင်းသော မျက်ဝန်းတို့သည် စူးရှထက္မြက်လျက် မြင်သူအဖို့ ဖမ်းစားနိုင်လောက်သည်။အရောင်စုံမျက်နှာတွေအကြား ေနွအကူးဟူသောကောင်လေးသည် Eyelinerတစ်ခုတည်းဖြင့်ပင် ချစ်စရာကောင်းနေခဲ့သည်။
နွေအကူးတစ်ယောက် မိမိရှေ့မှမှန်အားကြည့်လိုက်ကာ အသက္မဲ့သောအပြုံးတို့ဖန်တီးလိုက်လေသည်။သီဆိုကခုန်ရတာ နှစ်သက်သောနွေအကူးသည် ယခုတွင်မူ စိတ်ပျက်နေသလိုပင်ဖြစ်နေသည်။နှစ်ပေါင်းများစွာနာကျင်လာရသောနှလုံးသားငယ်သည် ဒဏ်ရာတို့ဖြင့်သာပြည့်နှက်လျက် မောပန်းနေပြီဖြစ်သည်။
ထိုအကြောင်းအရာများအား မည်သူကသိမည်နည်း။လှပမှု၏နောက်ကွယ်တွင် အထီးကျန်ခြင်းများရှိနေသည်က အဘယ်သူက သူ့အား လာမေးသနည်း။
မည်သူတစ်ဦးတစ်ယောက္မှ လာမမေးသလို သူသည်လည်းရင်မဖွင့်ခဲ့ပေ။ငယ်စဥ်ကတည်းကအပေါင်းအသင်းမရှိခြင်းကြောင့်လည်းဖြစ်ပေလိမ့်မည်။Showပွဲတစ်ခုပြီးတိုင်း အပိုဝင်ငွေရရန် မိမိအား တစ်စိမ်းယောကျ္ားတစ်ဦးလက်ထဲသို့ ထည့်ပေးတတ်သော ပထွေးရှိနေခြင်းကိုလည်း မည်သူမှ သိကြမည်မဟုတ်ပေ။ထိုသူ၏လက္မှ ထွက်ပြေးရင်လွတ်မြောက်နိုင်မည်ကို သိသော်လည်း နွေအကူးမှာ ငဲ့စရာလူရှိနေခဲ့သည်။
YOU ARE READING
✨If I got an escape again,I'll be still your side✨(System)
RomanceStart-7/3/2022(Mon) End- လူတိုင်းလူတိုင်း စိတ်မပါတာတွေလုပ်မိတဲ့အခါ နာကျင်ကြရတယ်တဲ့။တကယ်တမ်းစိတ်ထဲရှိရာ လုပ်တော့ရော သိပ်နာကျင်ရတာပဲမလား။ ပျော်ရွှင်ခြင်းတွေကကိုယ့်အတွက္မရောက်ရှိလာတဲ့အခါ ကံကြမ္မာကိုသာအပြစ်ပုံချမိရင်း ကဗျာတစ်ပုဒ်သာထပ်ခါရေရွတ်မိနေသည်။သေခ...