Arc:1.3

138 21 0
                                    

(unicode)

Arc:1.3

ပိုင်လီရှန်းတစ်ယောက် ကိုယ်ဖျော့သိုင်းဖြင့် အနောက်ဖက်ဆီသို့ ထွက်လာခဲ့သော်လည်း သူ၏စိတ်များက တစ်ကြိမ်တစ်ခါသာ တွေ့ခဲ့ဖူးသော အနှီလူသားအား သတိရနေခဲ့သည်။စိတ်ထဲအလိုမကျမှုများက မျက်နှာတွင်ဖော်ပြနေလျက် မျက်ခုံးတို့သည်လည်း တွန့်လိမ်နေခဲ့လေသည်။

"လီရှန်းလီရှန်း ကိုယ့်ကိုကိုယ်အဟုတ်ကြီးမှတ်နေပြန်ပြီလား။နဂိုပိုင်လီရှန်းက ဘယ်လိုပုံစံမျိုးလဲ မသိပေမယ့် ငါပိုင်လီရှန်းက သူ့ဆီက အကြည့်မခွာနိုင်ဘူးဖြစ်နေတယ်။သူငါ့ကို ပွတ်သပ်ပေးနေတာတွေက ဝိညာဥ်စွမ်းအား တိုးလာစေသလိုပဲ အရာရာဆွဲဆောင်နိုင်လွန်းတယ်။ခုလည်း ထွက္မသွားခင် သူ့မျက်နှာလေး ကြည့်ချင်နေပြန်တယ်။ဟက် ငါရူးပြီထင်တယ်!"

ပိုင်လီရှန်းတစ်ယောက် စိတ်ပျက်စွာ ရေရွတ်နေကာ အနောက်ဖက်ရှိ ကြာရေကန်တော်နားသို့ပင်ရောက်တော်မည်ဖြစ်သည်ကို သတိမထားခဲ့ပေ။ဤအနောက်ဖက်၌ကြာရေကန်တော်ရှိသည်ကိုလည်း သူမသိခဲ့ရချေ။လီမောကျန်းဆိုသောလူသားက သူ့အား အဲ့ဘက်သို့ မခေါ်ဆောင်သွားခဲ့ဖူးပေ။ရုတ်တရက်ပျော်ပါးနေကြသော မိန်းမတစ်စု၏အသံက ပိုင်လီရှန်း၏အကြားအာရုံအား လာထိခတ်လေသည်။အသံရှိရာသို့ ပိုင်လီရှန်း ကြည့်လိုက်သောအခါ အနှီမိန်းမများ ဝန်းရံနေသည့်အလယ်၌ လီမော့ကျန်းဆိုသူက ရေစိမ်နေသည်အား တွေ့လိုက်ရလေသည်။ပိုင်လီရှန်းတစ်ယောက် မျက္မှောင်ကြုတ်ကာ အလိုမကျဟန်ဖြင့်ကြည့်လိုက်လေသည်။

"Oh ငါကတော့ သူ့ကို ပြည့်တန်ဆာအိမ်ရောက်နေပြီထင်ပြီး မြို့အနှံ့က ပြည့်တန်ဆာအိမ်တွေ အပျော်ဆောင်အိမ်တွေ အကုန်ရှာမလို့ကို။မထင်ထားခဲ့ဘူး သူ့မှာ ကိုယ်ပိုင်ပြည့်တန်ဆာရေကန်တော်ရှိမယ်လို့လေ။သောက်ရိုရို ပြောတော့ ဘာလေးညာလေးနဲ့"

"Host ဒါက တစ်ခါတစ်လေ အပန်းဖြေတာပါ"

"တော်တော့ ငါပိုင်လီရှန်း သူများပြောတာထက် ကိုယ်မြင်တာကို ပုိယုံကြည်တယ်။ကျေးဇူးကြွေးဆပ်ပြီးတာနဲ့ ဒီရပ်ဝန်းကထွက်ပြီးငါ့မျိုးနွယ်စုအတွက္ တာဝန်ထမ်းဆောင်ရမယ်။"

✨If I got an escape again,I'll be still your side✨(System)Where stories live. Discover now