Arc :1.5

125 19 1
                                    

(Unicode)

Arc : 1 .5

ရုံဟွာဓားအပေါ် သေရည်လောင်းချနေစဥ်သူ၏အနောက်ဘက်ဆီမှတိုးလျသော ခြေသံတစ်သံအား ရုတ်တရက်ကြားလိုက်ရလေသည်။သူ၏နုနယ်သောလက္များက လျင်မြန်စွာဖြင့်ပင် ရုံဟွာဓားအား စွဲကိုင်လိုက်၍ နောက်ဘက္မှခြေသံပိုင်ရှင်အား ထောက်ထားလိုက်တော့သည်။

"အားရှန်း ကိုယ်သူဋ္ဌေးကို ဒီလိုဆက်ဆံတာလား? ပထမဦးဆုံးနေ့မှာကိုလေ။"

"မင်းသာ သူခိုးတစ်ယောက်လိုမလာခဲ့ရင် ငါလည်း ခုလိုပြုမူစရာမလိုဘူးလေ။မင်းကြောင့် ငါ့အနားယူချိန်တွေ မပျက်စီးစေပါနဲ့။"

ပိုင်လီရှန်း ထိုသို့ပြောလိုက်ပြီးနောက် သောက်လိုက်စ သေရည်အား မော့လိုက်လေသည်။သူ၏လက်စွဲတော်ဖြစ်သော ရုံဟွာဓားကိုလည်း ပြန်လည်သိမ်းဆည်းလိုက်လေသည်။

"မင်းကော သေရည်သောက်အုံးမှာလား။မင်းအိမ်တော်ကပိုင်တဲ့သေရည်နဲ့ ပြန်ဧည့်ခံနေရတာတော့ ကိစ္စမရှိဘူးမလား"

"ရပါတယ်။အားရှန်း မင်းကငါ့အတွက် အထူးဧည့်သည်ပဲ။ငါနားမလည်တာတစ်ခုက...."

"ဘာလဲ ငါပိုင်လီရှန်းက ကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး မင်းအိမ်တော်မှာ ဘာလို ့ဖျော်ဖြေချင်တာလဲ လို့ မေးချင်နေတာလား"

"အင်း ဟုတ်တယ်။ဘာကြောင့်လဲ?"

"အချို့ကိစ္စတွေက မသိတာပိုကောင်းတယ်။မင်းသိချင်ရင်တော့ ပြောပြမယ်။သိချင်လား"

"အင်း သိချင်တယ်။အားရှန်း မင်းနဲ့ပက်သက်တာမှန်သမျှ ငါသိချင်တယ်။"

"ဟား....ဟား....ကောင်းတယ် ငါပိုင်လီရှန်းပြောပြမယ်! ငါမင်းတို့အိမ်မှာ လာဖျော်ဖြေတာက ဝါသနာပါတာလာလုပ်တာပဲ"

"အမ် ဝါသနာပါတာ?"

"ဟုတ်တယ်။ဝါသနာပါလို့ လာလုပ်တာ။ငါ့အကြောင်းကတော့ ငါကိုယ်တိုင်တောင် သေချာမစဥ်းစားနိုင်တာမို့ မင်းကိုပြောပြဖို့မလိုအပ်ဘူး"

"ငါ မင်းကို ပိုင်ဆိုင်ချင်တယ်။ငါမင်းကိုချစ်တယ် အားရှန်း"

"အချိန်တွေက စောလွန်းပါတယ်။ငါနဲ့မင်းဟာ ကွာခြားချက်တွေရှိတယ်... အကယ်၍ငါကမင်းကိုမေတ္တာရှိနေခဲ့ရင်တောင် ငါတို့ဟာ မဖြစ်နိုင်ဘူး".

✨If I got an escape again,I'll be still your side✨(System)Where stories live. Discover now