(Unicode)
Arc:1.7
(နတ်ဘုရားအဆင့်သို့ဝင်ရောက်ခြင်း)"တောက်စ်! ဘယ်လိုမိန်းမစားမျိုးပါလိမ့်? အရှက်လုံးဝမရှိဘူး"
နှာခေါင်းရှုံ့မဲ့စွာ ညည်းညူလိုက်ပြီး ပိုင်လီရှန်းတစ်ယောက် မိမိနေထိုင်ရာ တောင်ထိပ်ရှိ အသိုက်ဆီသို့ ပြန်သွားတော့သည်။ဤညအဖို့ ထိုအိမ်တွင် နေချင်စိတ် မရှိ။မိမိအတွက် သီးသန့်ဟုထင်လိုက်သောအရာက အခြားသူအတွက်ပါဖြစ်နေပါလားဟု တွေးမိလိုက်တိုင်း ဒေါသထွက်ရသည်။စိတ်ထဲရှိသလိုသာ လုပ်ပစ်လိုက်ပါက ထိုယောကျ္ားကော အဲ့မိန်းမပါ အစိတ်စိတ်အမွှာမွှာဖြစ်ပေလိမ့်မည်။
"host!"
"အမလေး"
"လန့်သွားတာလား host"
"အေးလေ ရုတ်တရက်ကြီး ပေါ်လာတော့မလန့်ပဲနေမလား"
ပိုင်လီရှန်းအမှန်တကယ်ပင် လန့်သွားခြင်းပင်။အကောင်အထည်ပင်မဆိုထားနှင့် အလင်းစက်လေးတစ်ခုပင် အရင်မပြပဲ အသံထွက်လာသည်က သာမန်လူသားများသာ ကြားခဲ့မိပါက သရဲခြောက်သည်ဟုပင် ထင်ရလောက်ပေမည်။ပိုင်လီရှန်းသည်လည်း အတိတ်က လူသားတစ်ဦးဖြစ်ခဲ့ဖူးသူပီပီ လန့်သွားသည်မှာ မထူးဆန်းခဲ့ပေ။
"ရုံရုံလည်း အလောတကြီးနဲ့မို့ပါ hostရယ်။"
"အခြေအနေဘာထူးသေးလဲ"
"ဦးရီးတော်က hostမသေသေးဘူးဆိုတာသိသွားပြီ"
"ဘာ? သူကဘယ်လိုသိသွားရတာလဲ"
"မကြာခင်ကမှ နတ်ဆိုးလောက ကအကြားအမြင်ဆရာကို ဦးရီးတော်က မျိုးနွယ်စုဆီဖိတ်ခေါ်ခဲ့တယ်။အဲ့အကြားအမြင်ဆရာကနေတစ်ဆင့် hostအသက်ရှင်နေတာကို သိသွားတာပါ။Hostကိုဖမ်းဖို့အတွက် သူ့လူတွေကို စေလွှတ်လိုက်ပြီ။"
"လာပါစေ!လာတဲ့သူမှန်သမျှက ကိုယ့်သေတွင်းကိုယ်တူးချင်တာပဲ"
"host! ဟိုလေ။"
"အင်းပြော"
"Host အဆင့်တက်ဖို့ အရမ်းနီးကပ်နေပြီ"
"ဟုတ်လား ငါဘာလို့မခံစားမိတာလဲ! အဆင့်တက်ဖို့ ဘယ်လောက်လိုသေးလဲ"
YOU ARE READING
✨If I got an escape again,I'll be still your side✨(System)
RomanceStart-7/3/2022(Mon) End- လူတိုင်းလူတိုင်း စိတ်မပါတာတွေလုပ်မိတဲ့အခါ နာကျင်ကြရတယ်တဲ့။တကယ်တမ်းစိတ်ထဲရှိရာ လုပ်တော့ရော သိပ်နာကျင်ရတာပဲမလား။ ပျော်ရွှင်ခြင်းတွေကကိုယ့်အတွက္မရောက်ရှိလာတဲ့အခါ ကံကြမ္မာကိုသာအပြစ်ပုံချမိရင်း ကဗျာတစ်ပုဒ်သာထပ်ခါရေရွတ်မိနေသည်။သေခ...