Arc:1
(Part:1)
မျက်နှာပေါ်သို့ ရေတို့စင်လိုက်ခြင်းနှင့်အတူ နွေအကူးတစ်ယောက်လန့်နိုးလာခဲ့လေသည်။မိမိအား ရေဖြင့်ပက်လိုက်သော လူတစ်စုအား စေ့စေ့ကြည့်လျက်ဒေါသထွက္မိသည်။ထိုသူတို့အား ဒေါသထွက်နေသော်လည်း ပင်ပန်းနွမ်းနယ်ခြင်းများကြောင့် လက်တုံ့ပြန်နိုင်ခြင်းမရှိခဲ့ချေ။
"ပိုင်လီရှန်း..........ပိုင်လီရှန်း! မင်းငါတို့လက်က ထွက်ပြေးလို့ လွတ်မယ်ထင်နေတာလား..ဟက်!"
"ပိုင်လီရှန်း? မင်းတို့ကဘယ်သူတွေလဲ?ပိုင်လီရှန်းကကော ဘယ်သူလဲ?"
နွေအကူးတစ်ယောက် သူဤကမ္ဘာသို့ရောက်နေခြင်းကိုပင် သတိလက်လွတ်ဖြစ်ကာ မေးမိနေခြင်းပင်။အမှန်တကယ်အားဖြင့် နွေအကူးတစ်ယောက် ဤကမ္ဘာ၏အချက်အလက္များအား မသိသေးခြင်းပင်ဖြစ်သည်။
"ပိုင်လီရှန်း! မင်းအတိတ်မေ့ချင်ယောင် ဆောင်မနေနဲ့။ထန်အိမ်တော်ပိုင်တဲ့စားသောက်ဆိုင်မှာ မင်းအကုန်မှာစားပြီး ငွေမရှင်းပဲ ထွက်ပြေးသွားခဲ့တယ်လေ။ဟက်! ထန်သခင်လေးက ငွေစမပေးနိုင်ရင် လက်တစ်ဖက်ပေးရမယ်တဲ့ ဒါမှမဟုတ် သူ့ဆီအသနားလာခံရမယ်လို့ မှာလိုက်တယ်"
"အသနားလာခံရမယ်ဟုတ်လား.....လဲသေလိုက်လေ။"
ေနွအကူးတစ်ယောက် ပြောတော့ပြောသည်။အပြင်သို့ ထုတ်မပြောပဲ စိတ်တွင်း၌သာပြောလိုက်ခြင်းပင် ဖြစ်သည်။ထို့နောက် စနစ်ဆိုသည့်အရာအား ကျိန်ဆဲပစ်လိုက်သည်။
"ခွေးကောင် စနစ်!"
"မဂင်္ လာပါ host"
"မင်းဂျီးတော်ကို မဂင်္ လာပါလုပ်နေလိုက်။"
"ကျွန်တော့်မှာ ဂျီးတော်မရှိပါဘူးhost"
"ထားပါတော့ငါခုဘယ်ရောက်နေတာလဲ"
"ထန်စားသောက်ဆိုင်က ထွက်ပြေးလာတဲ့ခမ်းမှာရောက်နေတာ။ရှေ့ဆက်သွားရင် လီအိမ်တော်ပဲ"
"မင်းတို့ကို မမေးဘူး"
"ငါတို့နဲ့မင်း ပဲ ဒီနေရာမှာ ရှိနေတာလေ။ငါတို့ကို မပြောလို့ မင်းဘိုးဘေးတွေကို မေးနေတာလား။"
YOU ARE READING
✨If I got an escape again,I'll be still your side✨(System)
RomanceStart-7/3/2022(Mon) End- လူတိုင်းလူတိုင်း စိတ်မပါတာတွေလုပ်မိတဲ့အခါ နာကျင်ကြရတယ်တဲ့။တကယ်တမ်းစိတ်ထဲရှိရာ လုပ်တော့ရော သိပ်နာကျင်ရတာပဲမလား။ ပျော်ရွှင်ခြင်းတွေကကိုယ့်အတွက္မရောက်ရှိလာတဲ့အခါ ကံကြမ္မာကိုသာအပြစ်ပုံချမိရင်း ကဗျာတစ်ပုဒ်သာထပ်ခါရေရွတ်မိနေသည်။သေခ...