Arc:1.2
(unicode)အမွှေးအဖြူရောင်အဆင်းရှိသောအနှီမြေခွေးလေးအား ပွေ့ပိုက်ခေါ်ဆောင်လာခဲ့သူကိုယ်တိုင်ပင် ဒဏ်ရာအားသန့်စင်ဆေးကြောပေးပြီးနောက် အဆိပ်ပြေဆေးနှင့်ဒဏ်ရာကျက်ဆေးတို့အား ထည့်ကာ ပတ်တီးစည်းပေးလိုက်သည်။ထိုလူသားသည် အနှီမြေခွေးအား တုရှန်းမျိုးနွယ်ဝင်ဖြစ်သည်ကိုမူမသိခဲ့ချေ။စင်စစ်အားဖြင့်မြေခွေးငယ်၏ပုံစံသည်လည်းအလွန်သေးငယ်သောအနေအထားပင်ဖြစ်နေခြင်းကြောင့်ဖြစ်ပေသည်။
ပိုင်လီရှန်းတစ်ယောက် နွေးထွေးသောလက်တစ်စုံကြောင့် မေ့နေရာမှသတိပြန်ရလာလေသည်။သူ၏ခြေထောက်ကမူကောင်းစွာမလှုပ်ရှားနိုင်သေးပဲထုံကျင်နေသည်။မျက်နှာစိမ်းဖြစ်သောထိုလူသားအား တစ်ချက္မျှသာမော့ကြည့်လိုက်ပြီးနောက် အားယူက မတ်တပ်ရပ်လိုက်သော်လည်း ခြေထောက်ဒဏ်ရာကြောင့်မရပ်နိုင်ပဲဖြစ်နေခဲ့သည်။
"မြေခွေးလေး မင်းမတ်တပ်ရပ်ဖို့ဒဏ်နာမသက်သာသေးဘူး။ခြေထောက်ဒဏ်ရာလုံးဝပျောက်ကင်းသွားရင် တောထဲပြန်လွှတ်ပေးမယ်။"
ပိုင်လီရှန်းတစ်ယောက် သူ၏စိတ်ထဲမှ"ရတယ်မလိုဘူး"ဟုပြောလိုက်သော်လည်း အပြင်မှာထွက်လာသောအသံသည်ကြား မြေခွေးတစ်ကောင်၏အသံပင်ဖြစ်နေခဲ့သည်။
"ငါဘာလို့စကားမပြောနိုင်ရတာလဲ။ငါ့အသံကမြေခွေးအသံပဲထွက်နေတယ်။အနီးစပ်ဆုံး ခွေးတစ်ကောင်အီနေသလိုမျိုးပဲ။"
"Hostက မြေခွေးပဲလေ။မြေခွေးအသံပေါက္မှာပေါ့။တုရှန်းမျိုးနွယ်ဝင်ဖြစ်တဲ့hostက ကိုယ့်ကိုကိုယ်ခွေးနဲ့မနှိုင်းယှဥ်ပါနဲ့hostရာ"
"မအေဘေး ခုမှဘာလို့ပေါ်လာတာ။ဒီမှာ ငါ့ကို ဒီလူစိမ်းလက်က လွှတ်ဖို့ကူညီပေးအုံး။"
"ကျွန်တော်ပြောပြီးပြီလေ။hostကိုယ်တိုင်နည်းလမ်းရှာရမှာပါလို့ ဒီလူစိမ်းက hostကို အန္တရာယ်ပြုမယ့်ပုံမပေါ်ပါဘူး။သူသာအန္တရာယ်ပြုမယ်ဆို hostဒဏ်ရာကို ဘာလို့ဆေးထည့်ပေးနေမှာလဲ။"
"မင်းပြောတာလည်း ဟုတ်သား။ငါခြေထောက်ကဒဏ်ရာကို သူဆေးထည့်ပေးခဲ့တာပဲ။ဒါနဲ့ငါလူပုံစံပြန်မပြောင်းနိုင်တော့ဘူးလား"
YOU ARE READING
✨If I got an escape again,I'll be still your side✨(System)
RomanceStart-7/3/2022(Mon) End- လူတိုင်းလူတိုင်း စိတ်မပါတာတွေလုပ်မိတဲ့အခါ နာကျင်ကြရတယ်တဲ့။တကယ်တမ်းစိတ်ထဲရှိရာ လုပ်တော့ရော သိပ်နာကျင်ရတာပဲမလား။ ပျော်ရွှင်ခြင်းတွေကကိုယ့်အတွက္မရောက်ရှိလာတဲ့အခါ ကံကြမ္မာကိုသာအပြစ်ပုံချမိရင်း ကဗျာတစ်ပုဒ်သာထပ်ခါရေရွတ်မိနေသည်။သေခ...