Arc : 1.6(ဗီလိန်မဝင်ရောက်လာခြင်း)

106 13 0
                                    

(Unicode)

Arc : 1.6

ညလေပြေတို့၏တိုက်ခတ်မှုကြောင့် ပါးလွှာသောဝတ်ရုံစတို့က လေတစ်ချက်တိုက်ခတ်တိုင်း အနောက်ဘက်သို့လွှင့်မျောနေလျက်ရှိသည်။ထို့အတူ ပိုင်လီရှန်း၏ပိုးသားဖွယ်ဆံနွယ်တို့သည်လည်း ဝတ်ရုံစနှင့်အပြိုင် လေတစ်ချက်ဝေ့လိုက်တိုင်း ဝေ့ဝဲနေသည်။မိမိအတွက် သီးသန့်လုပ်ပေးထားသည်ဆိုသော ထိုရေကန်လေးမှ ရေနွေးငွေ့တို့သည်လည်း မက္မွန်ပန်းပွင့်ဖက္များနှင့်အတူ လေတစ်ချက်ဝေ့လိုက်သည့်အခါတိုင်း သူ၏အနံ့အာရုံဆီသို့ ဝင်ရောက်လာခဲ့သည်။ထုံးစံအတိုင်းပင် ပိုင်လီရှန်းတစ်ယောက် မျက္မှောင်ကျုံ့လိုက်ပြီးနောက် သူ၏ခန္ဓာကိုယ်အထက္မှ ဝတ်ရုံစတို့အား ကန်၏ဘေးနား၌ အစီအရီချွတ်ချလိုက်လျက် ထိုရေပူစမ်းကန်ထဲသို့ဆင်းခဲ့လေသည်။

သူ၏နှုတ်ဖျားအထက္မှလည်း"ဟက် ဘယ်လိုငပေါကများ ရေပူစမ်းထဲ မက္မွန်ပွင့်ဖက်တွေ ခြွေထည့်ထားရမယ်လို့ ထင်နေတာပါလိမ့်....မိုက္မဲလိုက်တာ"ဟူ၍
ရေရွတ်နေခဲ့လေသည်။ထိုချိန်တစ်ဆက်တည်းမှာပင်သူ၏အနောက်ဖက်ဆီမှ "အားရှန်း"ဟူသော ခေါ်သံနှင့်အတူ ခြေသံခပ်သဲ့သဲ့အားကြားလိုက်ရသည်။ထိုလူအား ပိုင်လီရှန်း လှည့်မကြည့်ပဲဖြင့်ပင် မည်သူဖြစ်မည်ကို သိနိုင်လေသည်။ထိုသူ၏အသံ၊လျှောက်သောခြေလမ်း၊အထူးသဖြင့် သူ၏ခန္ဓာကိုယ်၌ဆောင်ထားသည့်အမွှေးအိတ်နှင့်အတူ ထိုလူ၏ကိုယ်သင်းရနံ့အား ပိုင်လီရှန်း အလွတ်ပင်ရနေသည်ဖြစ်သည်။သူမြေခွေးအသွင်ပြောင်းသည့်အချိန်တုန်းက ထိုလီမော့ကျန်းဆိုသူ၏ရင်ခွင်အတွင်း၌နေခဲ့ရခြင်းကြောင့်ပင်ဖြစ်ချေသည်။

" ကျွတ် နွားပလာတာကျွေးရသလိုပဲ"

"နွားပလာတာကျွေးချင်လို့လား ပလာတာကဘယ်လိုပုံစံရှိလဲ ကိုယ့်ကိုပြောပြလေ။ကိုယ်ရအောင်လုပ်ပြီး ကိုယ်တို့အတူတူ သွားကျွေးကြမယ်။"

လီမော့ကျန်း၏စကားကြောင့် ပိုင်လီရှန်းရယ်ချင်မိသွားလေသည်။"နွားပလာတာကျွေးသည်"ဟူသောစကားအား ထိုလူကြားဖူးချင်မှကြားဖူးမည်။ဒါမှမဟုတ် ဒီအသုံးအနှုန်းက သူ့အတွက်ဆန်းသစ်နေမည်လားမပြောတတ်။နွားအားပလာတာပင် နှစ်ယောက်အတူတူသွားကျွေးမည်ဆိုပဲ မှတ်သားရလောက်ပေသည်။ပိုင်လီရှန်းအတွေးတို့အား ရပ်တန့်လိုက်ကာ ထိုလူအား ထပ်မံပြောလိုက်လေသည်။

✨If I got an escape again,I'll be still your side✨(System)Where stories live. Discover now