(Unicode)
Arc : 1.4
သစ်ပင်များစိမ်းစိုနေသော ဤတောတောင်ငယ်လေးများအား ပိုင်လီရှန်းဖြတ်သန်းပြီးနောက် လီအိမ်တော်ရှေ့သို့ရောက်လာခဲ့တော့လေသည်။လီအိမ်တော်ရှေ့သို့ရောက်လာသော်လည်း ပိုင်လီရှန်း အိမ်တော်အတွင်းသို့ဝင်လို့မရခဲ့ချေ။မြေခွေးဘဝဖြစ်သာ အိမ်တော်ရှိလူများနှင့်ဆုံခဲ့ဖူးသော်လည်း ပိုင်လီရှန်းဟူသော လူအသွင်ဖြင့်မူ ထိုအိမ်တော်တွင်းရှိသူများနှင့် မရင်းနှီးခဲ့ပေ။
နောက်ဆုံးထွက်ခွာသွားသည့်အချိန်တွင် လူသားပုံစံဖြစ်ခဲ့သော်လည်း လီမော့ကျန်းဆိုသူဖြင့်သာ သူထပ်မံဆုံတွေ့ခဲ့တာဖြစ်လေသည်။လီမော့ကျန်းဟု တွေးမိရုံမျှဖြင့် မျက်နှာတစ်ပြင်လုံး ပူရှိန်းရှိန်းဖြစ်သွားရလေသည်။ထိုခံစားချက္မျိုးအား ပိုင်လီရှန်းတကယ်ပင်မကြိုက်ခဲ့ချေ။လီအိမ်တော်၏တံခါးအား ပိုင်လီရှန်းဖြည်းညင်းစွာဖြင့်ပင် တံခါးခေါက်လိုက်လေသည်။သူ့အနေဖြင့်တံခါးမခေါက်ပဲအိမ်တော်တွင်းသို့ဝင်ရောက်နိုင်သည့်အခြေအနေရှိသည်။သို့သော် သူ့အား တုံးအသောလူသားများက မိစ္ဆာဟု ထင်သွားကြပေလိမ့်မည်။ပိုင်လီရှန်းတံခါးခေါက်နေသော်လည်း အထဲမှတော်ရုံဖြင့်မဖွင့်လာခဲ့ပေ။သို့မဟုတ် လီအိမ်တော်ရှိလူများ မရှိလို့များလားဟုပင် ပိုင်လီရှန်းတွေးမိလိုက်လေသည်။ပိုင်လီရှန်းအတွေးပင်မဆုံးလိုက် ပင်မတံခါးတစ်ချက် ပွင့်လာခဲ့ကာ အထဲမှ အစောင့်တစ်ယောက် ထွက်လာခဲ့လေတော့သည်။
"ဒီက မိန်းကလေးက ဘယ်သူလဲ"
"ကျွန်တော်က ယောကျ္ားလေးပါ။လီအိမ်တော်ရဲ့စားသောက်ဆိုင်မှာ အလုပ်လိုချင်လို့ပါ။"
"ဒါဆို လီစားသောက်ဆိုင်ကိုပဲ သွားရမယ်ထင်တယ်။သခင်ကြီးနဲ့သခင်မကြီးအပါအဝင် သခင်လေးတို့အားလုံး စားသောက်ဆိုင်ကို သွားနေကြပြီ။"
"ဒါဆို အခက်တွေ့စေခဲ့ပြီ။ကျွန်တော့်ကို ခွင့်ပြုပေးပါဦး".
"ဒါနဲ့ ဒီကနာမည်က "
"ကျွန်တော့်နာမည်က ပိုင်လီရှန်းပါ။ကဲကျွန်တော့်ကိုသွားခွင့်ပြုပါဦး။"
YOU ARE READING
✨If I got an escape again,I'll be still your side✨(System)
RomanceStart-7/3/2022(Mon) End- လူတိုင်းလူတိုင်း စိတ်မပါတာတွေလုပ်မိတဲ့အခါ နာကျင်ကြရတယ်တဲ့။တကယ်တမ်းစိတ်ထဲရှိရာ လုပ်တော့ရော သိပ်နာကျင်ရတာပဲမလား။ ပျော်ရွှင်ခြင်းတွေကကိုယ့်အတွက္မရောက်ရှိလာတဲ့အခါ ကံကြမ္မာကိုသာအပြစ်ပုံချမိရင်း ကဗျာတစ်ပုဒ်သာထပ်ခါရေရွတ်မိနေသည်။သေခ...