Sorry, it's not an update but a greeting to my precious ♡

3.5K 58 20
                                    

Unicode

ဟက်ညို ဟက်ညို!!!
နှုတ်ဆက်ဖြစ်တဲ့ အခြေနေ အခုမဝဖန်လာလို့ပါ၊ မင်္ဂလာပါဗျို့!!!
မတွေ့ဖြစ်တာ အတော့ကို ကြာခဲ့ပါပြီ ယောရောဘွန်းတို့... သတိရပေးတဲ့သူ၊ မျော်နေပေးတဲ့သူတောင် ရှိနေတော့ အများကြီး ဝမ်းသာရပါတယ်။
အဲ့လိုပဲ ကိုယ်ကတော့ ကထားတဲ့ဇာတ် သိမ်းဖို့ ပြန်လာပါပြီ...

ကိုကိုနဲ့ ကြက်ပေါက်ကို ကတိအတိုင်း S-2 နဲ့အတူ အပျင်းကြီးတဲ့ စာရေးသူ ပြန်လာခဲ့တာပါ။
ဒီမှာတော့ ကြက်ပေါက်ကို ကြက်ဖ ပြောင်းတော့မှာပါ ခွီးး...
စတာပါ အဓိကက tag ထဲပါသွားတဲ့ ကိုယ် တစ်ခါမှမရေးဖူး၊ မဖတ်ဖူးတဲ့ possessive ဖြစ်တဲ့ ပုံစံကို try ဖို့ ကြံထားပါတယ်။ အမှန်ဆို ကိုယ့် type လည်း မဟုတ်ခဲ့ပေမဲ့ ကိုကို့အပေါ် သျှားထားတဲ့ obsession ကို နည်းနည်း ပိုပြင်းပြတဲ့ ပုံစံကို တွေးမိလိုက်တော့ လူက တအားသဘောကျမိပြီး ရေးချင်တဲ့ ခွေးစိတ်ပေါက်လာလို့ရယ်။ ပြီး ကိုယ် နိုင်၊မနိုင် သိချင်လို့ try ကြည့်ချင်တာလည်း ပါတာပေါ့နော်။ ဒါပေမဲ့ ပြောမရပါဘူး... ကိုယ့်မပိုင်နိုင်မှုကြောင့် လမ်းကြောင်းသွေကောင်း သွေသွားနိုင်ပါတယ်၊ အဲ့အတွက်တော့ ကြိုတင်တောင်းပန်ထားပါတယ်ရှင်။

ပြီး သေချာပေါက် ထွက်ပြေးတဲ့ ကိုကို့ကို အနုနည်းနဲ့ရော၊ အကြမ်းနည်းနဲ့ပါ အိမ်ပြန်ခေါ်မှာပါ။ သျှားရော သူရော အထိုးခံရရင်လည်း ခံရမှာပေါ့နော် မပြောတတ်ဘူးလေ...ဟဲ ဟဲ။ ကြိုက်သလောက် ပြေးပြီးပြီပဲလေ ဟုတ်တယ်မလား၊ ကိုကို သက်ဆိုင်ရာ အိမ်ပြန်လာချိန် တန်ပြီထင်။

Plot ကတော့ ရှေ့တုန်းကလို အကြီးကြီးတွေ မဟုတ်ရင်တောင် သေချာပေါက်တော့ angst ပါးပါးပါမှာပါ။ အဓိကက အတွေးများတဲ့ ကိုကိုနဲ့ သူ့ကိုကို့မျက်နှာ တစ်ကမ္ဘာဖြစ်နေတဲ့ သျှားရဲ့ တစ်ဖက်က obsessed ဖြစ်ပုံတွေပဲ မြင်ရမှာပါ။ အသတ်အပုတ်ကတော့ ထုံးစံအတိုင်း ပါမှာရယ်...
ဒီအတွဲလား အေးဆေးနဲ့ အဆင်ပြေမှာ XD

အဲ့တော့ လိုရင်းက angst, romance တချို့နဲ့ ဒီ ၂ ယောက်ကြားက love life ကို အတတ်နိုင်ဆုံး အကောင်းဆုံး ဖြစ်အောင် ရေးသွားပါ့မယ်။ ရှေ့မှာတုန်းကလိုပဲ ပျော်တစ်လှည့်၊ လောင်တစ်လှည့်နဲ့ ကိုယ်နဲ့အတူ လိုက်ပါပေးဖို့ တောင်းဆိုပါတယ်ရှင်။

𝕾𝖊𝖎 𝕸𝖎𝖔 [Season-2] (ONGOING)Onde histórias criam vida. Descubra agora