Ep 1 (U)

135K 3.8K 165
                                    


Fic Starting Date - 7/March/2022


Dear Aye,

...................

....................

Thanks and Best Regards,

July

ရုံးအီးမေးလ်များ စစ်နေရင်းနဲ့ အေးစက်နိုင် တစ်ချက်ပြုံးလိုက်မိသည်... ဒီ Subcontractor ကုမ္ပဏီက July ဆိုသည့် In charge က အေးစက်နိုင်ဆီ အီးမေးလ်ပို့လျှင် အမြဲတမ်း Dear Aye, ဟု ရေးလေ့ရေးထရှိသည်။ စင်ကာပူတွင် အေးစက်နိုင်တို့လို မြန်မာနာမည်များကို သေချာပီပီသသ မခေါ်တတ်ကြသဖြင့် တစ်လုံးတည်းစီသာ အဖျားဆွတ်၍ ခေါ်တတ်ကြသည်။ အေးစက်နိုင် ပြုံးရခြင်း အကြောင်းအရင်းက အေးစက်နိုင်၏နာမည်ကို အားလုံးက Naing ဟုခေါ်ကြပြီး အေးစက်နိုင်ကိုယ်တိုင်က အီးမေးလ်များ အဆုံးမှာ Naing ဟုသာ ထည့်ထားသော်လည်း အနှီ July ကတော့ တ အေးထဲ အေး နေသောကြောင့်ဖြစ်သည်။ အေးစက်နိုင်၏ အီးမေးလ်လိပ်စာ အပြည့်အစုံက aye.setnaing@GRH.com.sg ဖြစ်သောကြောင့်ထင်ပါသည်။

အေးစက်နိုင် တို့ GRH ကုမ္ပဏီသည် စင်ကာပူတွင် နာမည်ရနေသော ဆောက်လုပ်ရေး Main Contractor ကုမ္ပဏီများထဲမှ တစ်ခုအပါအ၀င်ဖြစ်သည်။ အေးစက်နိုင်က NTU မှ Degree ရပြီးကတည်းက GRH မှာအလုပ်၀င်နေသည်မှာ ၃ နှစ်နီးပါးရှိနေပြီ။ အလုပ်လုပ်ရာတွင် တိကျပြတ်သားလွန်းလှသဖြင့် Project Engineer ရာထူးမှသည် Management Level သို့ ရာထူးတိုးရန်အတွက် "တစ်"ပြေးနေသူတယောက် ဖြစ်သည်။ ပုံမှန်ဆို နိုင်ငံခြားသားများကို ရာထူးကြီးကြီးပေးလေ့ပေးထ သိပ်မရှိပေမဲ့ အေးစက်နိုင်က Permanent Resident (PR) လည်းဖြစ်ကာ တကယ်လည်းလုပ်နိုင်ကိုင်နိုင် ရှိသဖြင့် သူဌေးက သဘောကျသည်။

[ဟေး...နိုင်...ညနေသုံးနာရီ Subcon က meeting လာလိမ့်မယ်နော်...ငါမ၀င်တော့ဘူး

မင်းကြည့်လုပ်လိုက်ပါဦး]

[အိုခေ, Cheng ကိစ္စမရှိဘူး ကျွန်တော် ၀င်လိုက်မယ်]

[ ကျေးဇူးပဲနော်...ပြီးတော့ Consultant ဘက်ကိုပါ ဖုန်းခေါ်ထားပြီး လိုအပ်တာတွေကြိုမေးထားလိုက်ဦး]

အေးစက်နိုင်၏ မန်နေဂျာ Cheng က စိတ်ချစွာနှင့် မျက်နှာလွဲခဲပစ် လုပ်သွားပြန်လေပြီ။ အေးစက်နိုင်၏ မကောင်းသည့်အကျင့်တစ်ခုကလည်း ကိုယ်ပါ၀င်ရတဲ့ ဘယ် Project ကိုမဆို ကြီးကြီးသေးသေး ခေါင်းအစ ခြေအဆုံး လိုက်လုပ်ရမှစိတ်တိုင်းကျတတ်သောကြောင့် မန်နေဂျာ Cheng က သဘောတွေခွေ့ကာ အေးစက်နိုင်မှ အေးစက်နိုင်ဖြစ်နေလေတော့သည်။

It's YouWhere stories live. Discover now