Present For Clickers Special Part (Z)

5.8K 125 3
                                    

Present For Clickers, Special Part လေးကို DiDi ရဲ့ Facebook messenger မှာ Click SS တွေနဲ့ လာလဲကြတာ အယောက် ၁၀၀ ကျော်လောက်ရှိပါတယ်... အေးနဲ့ ကောင်လေးကို ချစ်လို့ တကူးတက လာလဲပေးကြတာ သိရတော့ DiDi တကယ်ပဲ ၀မ်းသာရပါတယ်... အေးနဲ့ ကောင်လေးတို့နဲ့ တူတူ ပူပေါင်းပါဝင်ပေးကြတာ အများကြီး ကျေးဇူးတင်ပါတယ်နော်....

လိုင်းမကောင်း မီးပျက်တဲ့နေရာတွေက Reader လေးတွေအတွက် DiDi က အေးနဲ့ကောင်လေး ချစ်သူမဖြစ်ခင်က Special Part လေးကို ဒီမှာပြန်တင်ပေးလိုက်ပါပြီနော်... အားလုံး အေးတို့ကို အလွမ်းပြေကြပါစေ

..............................................................................................................................

ကောင်လေးကို ပြန်ပို့ပြီး ကောင်လေးက သူ့အိမ်ခန်းရှိရာသို့ တက်သွားခဲ့ပြီ ဖြစ်သော်လည်း အေးစက်နိုင်မှာ ခုချိန်ထိ ဘလော့အောက်က ကားရပ်နားရာနေရာမှ မရွေ့မိသေး။ တဒင်္ဂလေးအတွင်းမှာ ဖြစ်ပျက်သွားခဲ့သည်များကို ပြန်တွေးပြီး ရင်ထဲတသိမ့်သိမ့်နှင့် ကြည်နူးနေရသည်မှာ မပြီးနိုင်မစီးနိုင်။

ခုနလေးတင်မှ ကောင်လေးက အေးစက်နိုင်ကားထဲမှာ ငိုနေခဲ့သည်။ မျက်လုံးဝိုင်းလေးတွေထဲမှာ မျက်ရည်ကြည်တွေကပြည့်လို့။ ရှိုက်သံလေးများပင်ထွက်ပြီး တကယ့်ကလေးငယ်လေး တစ်ယောက်လိုပင်။

ငိုရသည့်အကြောင်းအရင်းက အေးစက်နိုင်က စာမပြန်လို့။ အေးစက်နိုင် ရုံးက တရုပ်မလေးနဲ့ အပြင်သွားတာ မကြိုက်လို့။ "အေးနဲ့ သက်ဆိုင်ချင်လို့" တဲ့။

အေးစက်နိုင်ပြုံးနေရင်းက မချင့်မရဲ အောက်နှုတ်ခမ်းကို ကိုက်ထားလိုက်မိသည်။ ပွင့်လင်းလွန်းလှတဲ့ ကောင်ငယ်လေး။ ချစ်စရာကောင်းလိုက်သည့် ကလေးလေး။ တကယ်တော့ ဒီခံစားချက်များ အေးစက်နိုင်ဆီမှာ တစိမ့်စိမ့်နဲ့ ၀င်ရောက်အနည်ထိုင်စပြုနေသည်မှာ ကြာခဲ့ပြီဖြစ်သည်။ အေးစက်နိုင် သူငယ်ချင်းတွေဖြစ်တဲ့ နန်းကိုနှင့် ကြည်သာတို့ပင်သတိထားမိနေခဲ့ကြပြီ။

ဟိုတစ်နေ့က ကောင်လေးတို့ အုပ်စုတွေနဲ့ ချိန်းပြီးညစာစားခဲ့ကြသေးသည်။ သူငယ်ချင်းတွေနဲ့ သွက်လက်စွာ ငြင်းခုံစကားများနေသောကောင်လေးကို အေးစက်နိုင် ခဏခဏစိုက်ကြည့်မိသဖြင့် ကြည်သာကပင် အေးစက်နိုင်ကို တံတောင်နှင့်တွက်ယူရသည်။

It's YouWhere stories live. Discover now