Ep 5 (U)

30.5K 2K 134
                                    

ဂျူလိုင်တစ်ယောက် ဝါဆို့ ကိုသွားကြိုရမည်ဖြစ်သောကြောင့် စောစောထပြီး ရေချိုးပြင်ဆင်နေရသည်။ အဲ့ဒီ မိထွေးသမီး အန်နာစတေးရှားက လာလိုက်ရင်တစ်ခါမှကောင်းကျိုးမပေး။ အခုပဲကြည့် ခွင့်ယူပြီး အလုပ်က ပျက်ရပြီ။ အ၀တ်စားလဲပြီးသည်နှင့် ခေါင်းမှရေစို ဆံပင်တို့ကို Dryer မှုတ်ရသေးသည်။ ဒီနေ့တော့ ပေါ့ပေါ့ပါးပါး ပေါင်လယ်လောက် ဘောင်းဘီတိုအနက်ရောင်နှင့် Adidas အဖြူရောင်ရှပ်ကို ပုခုံးမှာအနက်စင်းကြားလေးပါတာ နှင့် တွဲ၀တ်ထားသောကြောင့် ဂျူလိုင်တစ်ယောက် ကလေးပေါက်စနနှင့်ပင် တူနေသယောင်။

အားလုံးပြီးစီးချိန်မှာတော့ ၈ နာရီပဲရှိသေးသည်။ နည်းနည်း စောနေသေးသဖြင့် ကော်ဖီတစ်ခွက်သောက်ရန် မီးဖိုခန်းသို့ သွားမည်အပြု ဖုန်းသံမြည်လာလေသည်။ သီးသန့် Ring Tone ကြောင့် အသည်းအသန် မှောက်လျားထိုးမတတ် ပြေးကိုင်လိုက်ရသည်။

"ဟယ်လို ... အေး"

"ကောင်လေး ပြီးပြီလား"

"ဗျာ"

"Airport သွားဖို့ အဆင်သင့်ဖြစ်ပြီလားလို့"

"ဪ ပြီးပြီ အေးရဲ့ ... နည်းနည်းစောနေသေးလားလို့...အေးရော ရုံးရောက်နေပြီလား"

"ရောက်တော့ရောက်နေပြီ ရုံးတော့မဟုတ်ဘူး ကောင်လေး အိမ်အောက်မှာ"

"ဗျာ!"

"အင်း...ကောင်လေးကို Airport လိုက်ပို့မလို့လေ...ပြီးရင်ဆင်းခဲ့တော့နော် Loading area မှာ ကားရပ်ထားတယ်"

"ဟာ...အေး ကဗျာ... သက်သက်အလုပ်ပျက်အောင်...လာပြီလာပြီ"

အေးကပါ ခွင့်ယူပြီး ဂျူလိုင့်ကို လိုက်ပို့ပေးမလို့တဲ့။ဂျူလိုင့် မျက်နှာ ပြုံးဖြီးနေသည်မှာ ပါးစပ်ပြန်စိ၍ပင် မရတော့။ ပိုက်ဆံအိတ်နှင့် အိမ်သော့ယူပြီး အောက်ကိုအမြန်ဆင်းလာခဲ့ရသည်။ အေးက ကားထဲမှာ ထိုင်စောင့်နေပြီး ဂျူလိုင့်ကိုမြင်တော့ ကားဟွန်းတီးပြီး နှုတ်ဆက်သည်။

"Morning ကောင်လေး"

"Morning အေး... အေးက ဗျာ သက်သက်အလုပ်ပျက်အောင် ဘာလို့ လိုက်ပို့ရတာလဲ"

"ကောင်လေး တစ်ယောက်တည်းဖြစ်နေမှာစိုးလို့လေ...ကိုယ့်မှာ မင်း Grab များခေါ်ထားမလားလို့ စောစောထွက်လာရတာ"

It's YouWhere stories live. Discover now