Ep 15 (Z)

9.4K 235 3
                                    

ဒီနေ့က ဂျူလိုင်တို့ First Sem နောက်ဆုံး စာမေးပွဲနေ့ ။ စာတွေက ရသလိုလို မရသလိုလိုနှင့် ထုံးစံအတိုင်း ရှေ့ကကြည့်နောက်ကမေ့။ ဂျူလိုင်ရော ခင်နဒီရော အလုပ်ကနေ နေ့တစ်ပိုင်းခွင့်ယူထားပြီး ကျောင်းက ကန်တင်းမှာ စာပြန်နွေးနေကြသည်။ ဖြေမဲ့အချိန်က ၂ နာရီလောက် လိုသေးတာမို့အချိန်ရသေးသည်။

"ကောင်လေး ငါ ဒီ Topic 5 ကြီးကို မရတော့ဘူး ကျော်ပစ်လိုက်တော့မယ်ဟာ"

"ဟာ အဲ့ဒါ ပါမှာ ပါဆို မကျော်နဲ့ ကြည့်ထား"

"နင်ရော ကြည့်ထားလား ဘယ်အချိန်ကြည့်လိုက်တာလဲ နင်ပဲ ဟိုနေ့ကတော့ မကြည့်ဘူးဆို"


"ညကမှ...အေးက Notes တွေ ထိုင်ပြီး ပြောပြပေးတာ"


"ဟွန်း! အားကိုးရှိသူတွေကတော့ စာတောင်ကူ ကျက်ပေးမဲ့သူနဲ့ ဘာနဲ့"


"အားကျလား...ဘဲရှာလိုက်လေ...အေးလိုလူမျိုးတော့ ရမှာမဟုတ်ဘူးနော်...ငါ့အေးက ကမ္ဘာပေါ်မှာ နှစ်ယောက်မရှိဘူး my one and only အေး ပဲ"

"အမလေးဟဲ့ ပိုကိုပိုတယ်...ဒါနဲ့လေ ကောင်လေး...ပြောလို့ပြောတာတော့မဟုတ်ဘူးသိလား ကိုစက်နိုင်က နင့်ကို တော်တော်လေးဖြစ်နေတာနော်"

"ငါကလည်း အေးကို တော်တော်ဖြစ်နေတာပဲလေ"

ဂျူလိုင် ပြန်ပြောတော့ ခင်နဒီက မျက်စောင်းထိုးသည်။

"နင် ပိုမနေနဲ့ ... ငါ အကောင်းပြောနေတာ...နင့်ကို သူ့အဖေ အိမ်ထိပါခေါ်သွားပြီး မိတ်ဆက်ပေးထားတာဆိုတော့လေ"


"အင်း အခုလဲ စာမေးပွဲပြီးရင် ရန်ကုန်တူတူပြန်ပြီး ရန်ကုန်က သူ့ဖွားဖွားတို့နဲ့ ပေးတွေ့မယ်တဲ့..လေယာဉ်လက်မှတ်တောင် မှာပြီးပြီ"


"ကောင်လေး နင်ကရော...နင့်မိဘတွေကို အသိပေးပြီးပြီလား ဘယ်လို လုပ်မှာလဲ"

"ပေးတွေ့ရမှာပေါ့ နဲနဲ မျက်နှာပူပေမဲ့ ငါ့မေမေက ငါ့ကို အရမ်းချစ်တာဆိုတော့ အဆင်ပြေမှာပါဖေဖေကလည်း အေးဆေး ...အေး ရဲ့ ဖွားဖွားကိုပဲ စိတ်ပူတာ ငါက"

"ကိုစက်နိုင် ဖွားဖွားက သဘောမတူရင် ဘယ်လိုလုပ်မလဲ"

"သဘောမတူလဲ အေးက ငါ့ကို ရအောင် ယူမှာပဲကို"

It's YouWhere stories live. Discover now