Ep 19 (Z)

7.8K 215 0
                                    

အဲလက်စ် ကားကို စကိတ်ကွင်းရှိရာဘက်သို့ ချိုးဝင်လိုက်သည်...ကားပါကင်ထိုးပြီးသည်အထိ ကိုကိုက ဘယ်ခေါ်လာမှန်း သေချာသိပုံမရ...

"ကိုကို ဆင်းလေ"

"ဒီမှာ ဘာလုပ်မလို့လဲ အထွေး"

"ကိုကို နဲ့ တူတူ စကိတ်စီးမလို့"

"..?.."

မျက်ခုံးတန်းလေး တွန့်ချိုးပြီး ကားပေါ်က ဆင်းလာသော ကိုကို က အဲလက်စ်ကို နားမလည်နိုင်သည့်ပုံနှင့် ကြည့်လာသည်...

"လာလေ ကိုကို"

ကိုကိုက အဲလက်စ် ဆွဲခေါ်ရာနောက် ပါလာသည်... အဲလက်စ် က ဧည့်ကြိုကောင်တာမှာ စာရင်းသွင်းပြီး လိုအပ်သည့်ပစ္စည်းများကိုထုတ်လိုက်သည်...

ကိုကို ကို့ စကိတ်ကွင်းထဲသို့ ခေါ်သွားတော့ Weekday ဖြစ်တာကြောင့် လူရှင်းနေသည်...ခပ်လှမ်းလှမ်းမှာ ကလေးတချို့သာ လေ့ကျင့်နေတာကို တွေ့ရသည်...

"ကိုကို လာ ဖိနပ်လဲဝတ်ရအောင်နော်"

"ကိုယ် မစီးချင်ဘူး မင်းပဲ စီးပါ ... ကိုယ် ဒီကထိုင်စောင့်နေမယ်"

"မရဘူး ကိုကိုနဲ့ ကျွန်တော် တူတူစီးမှာ...လာပါ ဝတ်လိုက်နော် ကိုကို ငယ်ငယ်က စီးဖူးတယ်မလား"ကိုကိုက တချက်တွေဝေနေပြီးမှ သူစီးလာသော Formal Shoes ကိုချွတ်လိုက်သည်... အဲလက်စ်က စကိတ်ဖိနပ်ကို ကိုကို့ခြေထောက်တွင် အရင်စီးပေးလိုက်သည်... ထို့နောက် ကိုကို့ ရှပ်အင်္ကျီလက်ဖျားမှ ကြယ်သီးတို့ကို ဖြုတ်၍ လက်ကို တံတောင်ဆစ်အောက်နားထိ ခေါက်တင်ပေးလိုက်သည်...ရင်ဘတ်မှ ကြယ်သီး နှစ်လုံးခန့် ဖြုတ်ပေးရန် လက်လှမ်းတော့ ကိုကိုက အဲလက်စ် လက်ကို ဖမ်းဆွဲထားသည်...

"ဘာလို့လဲ ကိုကို...အပေါ်ကြယ်သီး နဲနဲဖြုတ်ထားလိုက်လေ လွပ်လွပ်လပ်လပ် ဖြစ်သွားအောင်"

ထိုအခါမှ အဲလက်စ် လက်ကိုပြန်လွှတ်ပေးသည်...ကိုကို ရင်ဘတ်မှ ကြယ်သီးနှစ်လုံးခန့်ဖြုတ်ပေးလိုက်တော့ အတွင်းသား ဝင်းဝင်းလေးတွေက လှစ်ခနဲပေါ်လာသည်... အဲလက်စ် က မျက်တောင်မခတ်တန်း စိုက်ကြည့်မိတော့ ကိုကိုက နေရခက်စွာမျက်နှာလွှဲ သွားသည်...

It's YouWhere stories live. Discover now