Ep 14 (Z)

8.3K 225 2
                                    

"ဂျူလိုင်မင်းခန် !!!!"

ဂျူလိုင် အလန့်တကြား လှည့်ကြည့်လိုက်မိတော့ အေး က ခပ်လှမ်းလှမ်းတွင် ရပ်ကြည့်နေရာမှ ခြေလှမ်းသွက်သွက်တို့ဖြင့် လှမ်းလာနေသည်။

အေး မျက်နှာက တည်တင်းနေသည်မှာ အဝေးကပင် သိသာနေ၏။

"လာခဲ့! မင်း"

ဂျူလိုင်လည်း ရုတ်တရက်ဆိုတော့ ဘာလုပ်ရမှန်းမသိကာ ကြောင်ပြီးရပ်နေမိစဉ် အေးက ဂျူလိုင့် လက်ကောက်ဝတ်ကို ဖျတ်ခနဲဆွဲကာ ကားဆီသို့ အတင်းဆွဲခေါ်လာသည်။ Kai ကလည်း ဂျူလိုင့် နာမည်ကို လှမ်းခေါ်ကာ နောက်မှလိုက်လာသဖြင့် အေးက ရပ်လိုက်ပြီး Kai ကိုလှည့်ကြည့်သည်။ မေးကြောကြီးများ ထောင်ထလျှက် ဂျူလိုင့်လက်ကို တင်းနေအောင်ဆွဲထားသည်ကိုလည်း တစ်ချက်လေးမှ မလွှတ်ပေ။

[ Excuse Me! Bro ကိုယ့်ဟာကိုယ် ပြန်လိုက်ပါ
ကိုယ်က ဂျူလိုင့်ရဲ့ boyfriend ပဲ...ကိုယ်အခု သူကိုခေါ်သွားမလို့]

အေးရဲ့ စကားဆုံးတော့ Kai က ဂျူလိုင့်ကို အဆင်ပြေရဲ့လား ဆိုသည့် အကြည့်နှင့် ကြည့်လာသဖြင့် ခေါင်းညိတ်ပြကာ ပြန်ခိုင်းလိုက်ရသည်။

[ဟုတ်တယ် Kai , ဒါက ငါ့ရဲ့ boyfriend ပဲ...ငါ သူနဲ့တူတူပြန်တော့မှာမလို့ မင်းပြန်နှင့်လိုက်နော်]

[အိုကေလေ , သွားပြီ နောက်မှထပ်တွေ့ကြမယ်]

Kai ထွက်သွားပြီးသည်နှင့် ခုနကတည်းက တရှူးရှူးတရှားရှား ဖြစ်နေသော အေးက ဂျူလိုင့်ကို ကားထဲအတင်းဆွဲထည့်ပြီး တံခါးကို ခပ်ကြမ်းကြမ်းပိတ်ပစ်သည်။ ထို့နောက် Driver seat ဘက်ကို သွားဝင်ထိုင်လိုက်ပြီးနောက် ကားအတွင်းမီးလေးကို ဖွင့်လိုက်သည်။

"အေး...ခုနက"

ဂျူလိုင့်စကားပင်မဆုံးသေး အေးက ဂျူလိုင့် ပုခုံး နှစ်ဖက်ကို ဆွဲလှည့်ကာ ရှပ်အင်္ကျီကြယ်သီးများကို ဆွဲဖြုတ်နေသည်။

"အ! အေး....ဘာလုပ်မလို့လဲဟင်"

အေးက တစ်ခွန်းမှ မဖြေဘဲ အပေါ်ပိုင်းမှ ကြယ်သီးတချို့ကို ဖြုတ်ကာ အင်္ကျီကို ပုခုံးအောက်သို့ ဆွဲချပြီး ဂျူလိုင့်ပုခုံးကို ဆွဲယူကြည့်သည်။

It's YouWhere stories live. Discover now