Ep 22 (Z)

8.8K 225 0
                                    

"မေမေရေ...ကြီးကြီးမြ...မေမေရော"

"ဟော ကောင်လေး...သားမေမေက မီးငယ်နဲ့ ဈေးသွားတယ် နေ့လည် ဧည့်သည်တွေကျွေးဖို့ တစ်ခုခုဝယ်ထားမလို့တဲ့လေ"

"အာ မေမေကလည်း delivery နဲ့ မှာလိုက်ရင် ရတဲ့ဟာကို အပင်ပန်းခံလို့"

"အပြင်က မှာတာတွေက မကောင်းဘူးတဲ့ ကောင်လေးရဲ့"

"ကြီးကြီးမြကရော ဘာတွေလုပ်နေတာလဲ"

"အုန်းနို့ကျိုနေတာ ဧည့်သည်တွေအတွက် ကျောက်ကျောထိုးမလို့လေ"

"အာ သက်သက်ပင်ပန်းအောင် ကြီးကြီးမြရာ အများကြီးတွေ မလိုပါဘူး ဖွားဖွားကြီးတို့က စားနိုင်မှာ မဟုတ်ဘူး"

"ဘာနေနေ မျက်နှာပန်းလှအောင်ပေါ့ ကောင်လေးရယ် တော်ကြာ ကြီးကြီးမြ သားလေး ငြိုငြင်ခံနေရမှာစိုးလို့ "

"အေး တို့မိသားစု သဘောကောင်းတွေပါ ကြီးကြီးမြရဲ့...ဘာပဲဖြစ်ဖြစ် လုပ်ပေးတာ ကျေးဇူးတင်ပါတယ်ဗျ"

ဂျူလိုင်က ကြီးကြီးမြခါးကိုဖက်ပြီး ပြောလိုက်သည်။ ကြီးကြီးမြက ဂျူလိုင့်အား ပြန်သိုင်းဖက်လာပြီး ခေါင်းလေးကိုပွတ်သပ်ပေးသည်။

"ပျော်နေလား ကောင်လေး"

"ဟုတ်"

"ကြီးကြီမြ နှမြောပေမဲ့ ငါ့သားလေး ပျော်ဖို့ကအဓိကပါကွယ်"

ကြီးကြီးမြက မေမေတို့နှင့်ဆွေးမျိုးနီးစပ်တော်ကာ ဂျူလိုင်မမွေးခင်ကတည်းက အိမ်မှာတူတူနေလာတာဖြစ်သည်။ ရွာကပြန်ရောက်ရောက်ခြင်း မေမေက ဂျူလိုင့်အကြောင်းကို ဖွင့်ပြောပြတော့ ကြီးကြီးမြက ငိုသည်။ နောက်တော့လည်း ဂျူလိုင်ပျော်နေတာမြင်ပြီး ကြီးကြီးမြပါ စိတ်ချမ်းသာသွားရတော့သည်။ မနေ့ညက မေမေက ကြီးကြီးမာလာကို ဖုန်းဆက်ပြီး ပြောပြသဖြင့် ညတွင်းချင်းကြီး ရောက်ချလာကာ ရင်တသပ်သပ်နှင့် ဖြစ်နေခဲ့သည်။ ဒါတောင် မေမေက အရင်ရက်တွေမှာ ရိတ်ဖမ်းသံဖမ်းပြောထားပြီး၍ ရှော့ခ်မရသွားတာဖြစ်သည်။ ဂျူလိုင်နှင့် စကားတွေအကြာကြီးပြောပြီး အတော်လေးညဥ့်နက်မှ ပြန်သွားလေသည်။ သူ့အမျိုးသားဖြစ်သူ ဦးထွန်းမင်းဦးကိုတော့ ဖြည်းဖြည်းမှ အသိပေးလိုက်မည်ဟု ပြောသွားသည်။

It's YouWhere stories live. Discover now