Ep 13 (U)

24.6K 1.9K 82
                                    

Facebook မှ များပြားလှစွာသော Noti များကို ဟိုဟိုဒီဒီ လျှောက်ဖတ်နေရင်းမှ ဝါဆို တစ်ခုသတိထားမိသည်။ ကိုစက်နိုင်သူငယ်ချင်း ကိုနန်းကိုက ဝါဆို တင်သမျှ Post တိုင်းမျာ Love react တွေပေးထားတာပင်။ ဝါဆို ရယ်လိုက်မိသည်။

messenger မှာလည်း စာတွေလာလာပို့ထားပြီး ဒီလူကြီး စင်ကာပူမှာကတည်းက အရမ်းတွေသိသာနေတာမဟုတ်လား။တွေးကြည့်လိုက်တော့လည်း ပုံစံက မဆိုးပါဘူး အရပ်ရှည်ရှည် အသားလတ်လတ် Body ကလည်းအနေတော် ရုပ်ကလည်း မျက်ခုံးထူထူ နှာတံစင်းစင်းနှင့် Manly ဖြစ်တဲ့ရုပ်။ အလုပ်အကိုင်ကလည်း အင်ဂျင်နီယာ။

ဒါပေမဲ့ ခက်တာက ဝါဆို။ ဝါဆိုက ရည်းစားထားရမှာပျင်းသည်။ ကျောင်းတုန်းက တစ်ယောက်ထားဖူးပေမဲ့ ကိုယ့်အချိန်တွေ ဖဲ့မပေးနိုင်ခြင်းကြောင့် ပြတ်သွားခဲ့ကြခြင်းဖြစ်သည်။ ကိုယ့်ကို Control လာလုပ်တာမျိုးလဲမကြိုက်။ ဘာဖြစ်ဖြစ် ကိုယ့်သဘောဆိုတာမျိုးလည်းမကြိုက်။ ဒါဖြင့်ဘာကိုကြိုက်တာလည်း ဆိုတော့လည်း သေချာမသိ။ ကိုကြီးကောင်လေးပဲ အေးတယ်။ သူဘာကြိုက်လဲ သူ့ဟာသူသေချာသိသွားတော့ ပျော်လို့ရွှင်လို့ လက်လက်ကိုထလို့။

"ဒေါက်ဒေါက်...ဒေါက်ဒေါက်"

တံခါးခေါက်သံကြားသဖြင့် ဝါဆိုထ၍ အခန်းတံခါးဖွင့်ပေးလိုက်တော့ မေမေက ၀င်လာသည်။

"မီးငယ် အိပ်နေပြီလားလို့ မေမေက"

"အစောကြီးရှိသေးတာကို မေမေရဲ့"

"မနက်ဖြန် သောကြာနေ့ဆိုတော့ ည၈နာရီလောက် Live Sale လုပ်မလားလို့"

"လုပ်လေ မေမေ...Celebrity ငှားဦးမှာလား"

"မငှားတော့ဘူးလားလို့လေ...မေမေ့သမီးတစ်ယောက်လုံး Cele လေးဖြစ်နေပြီကို ဘယ်သူမှတောင် မလိုတော့ဘူး"

"အာ...မေမေကလည်း မီးကိုချည်းပဲကြည့်နေရရင် လူတွေက ရိုးသွားလိမ့်မယ်...အခု ဟော့ နေတဲ့ Cele တစ်ယောက်စီကို တစ်ပါတ်တစ်ခါလောက် ငှားပြီး Live လွှင့်တာက ပိုပြီး Viewer တက်တယ်"

"အဲ့ဒါဆိုလဲ မီးငယ်သဘောလေ"

"မေမေသိလား အဓိက က ရောင်းရတာ မရောင်းရတာထက် မီးတို့ page နဲ့ ဆိုင်ကို လူပိုသိဖို့..အဲဒီတော့ အခုလူတွေကြားထဲမှာ ဘာက Trending ဖြစ်နေလဲအရင် ရှာရတယ်...ပြီးတော့ အဲ့ဒါနဲ့ ဆက်စပ်တဲ့ဟာတွေကို မသိမသာနဲ့ ဆွဲခေါ်ပြီး လူသတိထားမိအောင်လုပ်ရမယ်"

It's YouWhere stories live. Discover now