Ep 3 (U)

33.6K 2.3K 191
                                    

ခုတင်ဘေးစားပွဲပေါ်မှ ဖုန်းမြည်သံကြောင့် ဂျူလိုင် နိုးလာရသည်။ Contact Name က "အန်နာစတေးရှား"။ တခြားသူတော့မဟုတ်။ ဂျူလိုင်ရဲ့ "ချဥ်"လှစွာသော တစ်မိုးအောက်တစ်ယောက် ချစ်ညီမလေး ခင်ဝါဆိုခန့် ပင်။ ဂျူလိုင်တို့ မောင်နှမနှစ်ယောက်မှာ ဂျူလိုင်က အကြီး Mama Boy လေးဖြစ်ပြီး ထိုအချဥ်ကောင် ခင်ဝါဆိုခန့်က ၂နှစ်ငယ်သော Daddy girl လေးဖြစ်သည်။

နှစ်ယောက်သား တကျက်ကျက်ရန်ဖြစ်လွန်းလှကာ ၁နာရီခန့်ကြာအောင်ပင် ပူးထား၍မရသဖြင့် မေမေတို့ အမြဲအာရုံနောက်ရသော မောင်နှမဖြစ်သည်။ ဂျူလိုင်က သူ့အား မေမေ့သမီးအရင်းမဟုတ်ဘဲ မိထွေးသမီးဟု အမြဲစနောက်ကာ စင်ဒရဲလားဇာတ်လမ်းထဲမှ မိထွေးသမီး အန်နာစတေးရှား ဟုခေည်တတ်သည်။

"အန်နာစတေးရှား...ဘာလဲ...ငါအိပ်နေတာကိုဟာ"

"ဟေး...ရှီးယားခန်း...နိုးပြီလား"

ဂျူလိုင် မျက်နှာကို စူပုတ်ပစ်လိုက်သည်။ ဝါဆိုက သူ့ကို မိထွေးသမီး အန်နာစတေးရှားဟု ခေါ်သော ဂျူလိုင်အား The Jungle Book ကာတွန်းကားထဲမှ သူအမုန်းဆုံး ကောက်ကျစ်စဥ်းလဲသော ကျားအိုကြီး ရှီးယားခန်း ဟု ပြန်၍နာမည်ပေးထားလေသည်။

"ကျစ်! စောစောစီးစီးဘာလို့ခေါ်တာလဲ ငါဒီရက်လေးပဲအိပ်ရတာကို"

"သိတယ် တမင်အိပ်ရေးပျက်အောင်လို့ ဒီချိန်ရွေးခေါ်တာ HaHa"

"ခင်ဝါဆိုခန့်!!!! နင်လေ ရုပ်လေးနဲ့မှ မလိုက် တအား သောက်ကျင့်ယုတ်တာ"

"အပိုတွေပြောမနေနဲ့...ခေါ်ချင်လွန်းလို့မဟုတ်ဘူး Mama boy လေးကို မွေးသမိခင် ဒေါ်သီတာနှင်း က ဖုန်းပြောချင်တယ်ဆိုလို့ ခေါ်ပေးတာ...ဟွန်း"

"ဘယ်မှာလဲ ငါ့မေမေ Video on လိုက်"

"ခဏကိုင်ထား... မေမေရေ...မေမေ...ဒီမှာ ကိုကြီးကောင်လေး နိုးနေပြီ"

"မီးငယ်...ကိုကြီးကို အစောကြီးဘာလို့သွားနှိုးတာတုန်း...ပေး မေမေ့ကို...ဖုန်း... ကောင်လေး...နိုးနေပြီလား သား"

"နိုးပြီပေါ့ မေမေရယ် ဟိုမွေးစားသမီး အကျင့်ယုတ်လို့ "

"မေမေက ဒီနေ့ စနေနေ့ဆိုတော့ နေ့လည်နေ့ခင်း ကောင်လေးအားရင် ဖုန်းခေါ်ကြည့်ဦးလို့ ပြောထားတာပါဟယ်"

It's YouWhere stories live. Discover now