Unicode
"Hyuneeလေးပစ္စည်းတွေစုံရဲ့လား သေချာထည့်ပြီးပြီလား နိုင်ငံခြားခရီးမို့ ယူစရာပစ္စည်းတွေကို သေချာထည့်ဖို့မမေ့နဲ့နော်"
"မပူပါနဲ့ ဘာမှမကျန်ဘူး ဒီမှာတွေ့လားမသွားခင်တစ်ပတ်လိုကတည်းက ယူစရာတွေချရေးထားပြီး သေချာထည့်ထားတာ မောင့်အိတ်ကိုသာပြန်စစ်ဦး ကျန်တာရှိရင်ထည့်ရအောင်လို့ မောင်ရောသေချာစီစဉ်ထားပြီးပြီလား"
"Hyunee သွားမယ်လို့ပြောကတည်းက မောင်က ခရီးသွားကုမ္ပဏီနဲ့လည်းချိတ်ပြီး အစစအရာရာအဆင်ပြေအောင်လုပ်ထားပြီးသား သိရဲ့လားမောင့်အသည်းတုံးရဲ့"
Baekhyunee ကတော့ခရီးသွားဖို့အရေးကို တစ်ပတ်လောက်ကတည်းက ခရီးဆောင်အိတ်ပြင်နေလို့ ဖြည်းဖြည်းထည့်ဖို့တောင်မှာထားရတဲ့အဖြစ် ကိုယ့်နိုင်ငံမဟုတ်တာမို့ယူစရာကျန်ခဲ့ရင် မလွယ်ကူလို့ သေချာအစုံပါအောင်သာမှာရတာ ကိုယ်အလုပ်ကိစ္စနဲ့ခရီးသွားရင်လည်း လိုအပ်တာတစ်ခုမှမရှိအောင်ပြင်ဆင်ပေးတဲ့ မောင့်အချစ်လေးရယ်ပါ။
"လေယာဉ်ချိန်က မနက် 6နာရီနော် မောင်ဟိုကိုရောက်ရင် အချိန်ရှိပါ့မလား ညနေလောက်မှရောက်မှာလားဟင်"
"မြန်မာနိုင်ငံနဲ့ကိုရီးယားမှာက အချိန်နှစ်နာရီခွဲပဲကွာတယ် Hyuneeရဲ့ ဒါကြောင့် မနက်ဖြန်လေယာဉ်ချိန်ကို အစောကြီးမယူဘဲ မနက် 6နာရီလောက်ပဲယူထားတာ လေယာဉ်က 5နာရီကျော်စီးရမယ်ဆိုတော့ ဟိုရောက်ရင် မြန်မာစံတော်ချိန်အရဆို9နာရီ လောက်ပဲရှိဦးမှာ မောင်တို့က ရန်ကုန်လေဆိပ်ကိုအရင်ဆင်းရမယ် အဲ့ကမှတစ်ဆင့်ပုဂံကိုသွားရမှာ Hyunee ပင်ပန်းမှာဆိုးလို့ရန်ကုန်မှာခဏနားမယ် ပြီးမှ Flirt နဲ့ပုဂံကိုဆက်သွားမှာ"
"ဟီး...မောင်တော့မသိဘူး Hyuneeတော့ ခရီးကိုတွေးပြီးရင်ခုန်နေပြီ သွားချင်တဲ့နေရာကို လိုက်ပို့ပေးလို့ မောင့်ကိုအချစ်ပိုရပါတယ်"
"အချွဲလေး မောင့်အချစ်လေးပျော်ရင် မောင်ကကျေနပ်ပါပြီ မောင်ပါတာမို့ စိတ်အေးလက်အေးသာ ပျော်ပျော်လည်နော် အချစ်သွားချင်ရာ မောင်ကဖြည့်ဆည်းပေးလို့ ပျော်အောင်ထားမှာပါ"
DU LIEST GERADE
မောင့်အချစ်သွားရာ ရွှေညာမြေ{Completed}
Romantikပုဂံက ကိုယ့်အတွက်တကယ်မြတ်နိုးတန်ဖိုးရတဲ့နေရာမို့ ကိုယ်မြတ်နိုးရတဲ့ OTP လေးကိုလည်းအလည်ခေါ်ချင်တဲ့ သဘောလေးပါ။အဲ့ဒီထဲမှာ Chara Fbမှာရေးခဲ့တဲ့Postလေးထဲကအတိုင်းကို ပြန်ပြီးအကျယ်ချဲ့ရေးမှာပါ။ပုဂံသမိုင်းတွေလည်း Google ကနေရှာပြီးလေ့လာထားတာမို့ သမိုင်းကြောင...
