အပိုင်း(၇){u+z}

106 15 5
                                        

Unicode

စွယ်တော်လေးဆူထဲမှာ ရွှေစည်းခုံဘုရားကလည်း တစ်ဆူအပါအ၀င်မို့ မနက်အစောကြီးထပြီး
ရွှေစည်းခုံဘုရားသို့ အရင်ထွက်လာခဲ့ကြပါတယ်။

မနေ့ကအလိုတော်ပြည့်ဘုရားကနေ ၀ယ်လာခဲ့တဲ့ ပုဂံထွက်၀တ်စုံလေးတွေနဲ့ Chanyeolရော Baekhyunရော တစ်မျိူးချစ်စရာကောင်းနေကြပါတယ်။

အင်္ကျီလေးတွေကပေါ့ပေါ့ပါးပါးလေးတွေနဲ့၀တ်ရတာ သက်သောင့်သက်တာရှိတယ်လေ။

ရွှေစည်းခုံဘုရားရောက်တော့ မနက်အာရုဏ်တက်ဝေလီဝေလင်းမို့ နေ့ဘက်လောက်တော့ဘုရားတွေသိပ်မရှုပ်သေး၍ အေးအေးဆေးဆေးဖူးလို့ရတယ်။ဘုရားကို မီးဆလိုက်တွေနဲ့ပူဇော်ထားတာမို့ နေ့ဘက်ဖူးရတာနဲ့ မတူဘဲ တစ်မျိုးသပ္ပါယ်လှပေတယ်။ဘုရားမှာ Park Chanyeol နဲ့ Park Baekhyun ဆိုပြီးအလှူငွေလည်းလှူခဲ့ပါသေးတယ်။အလှူ‌ငွေဖြတ်ပိုင်းလေးကိုတော့ အမှတ်တရနေနဲ့သိမ်းထားရမယ်။

"အာ...Chanyeol နဲ့ Baekhyun တို့ တန့်ကြည်တောင်ကိုသွားဖို့ တစ်ဖက်ကမ်းကို ကျွန်တော်တို့‌စက်လှေနဲ့သွားရမယ်ဗျာ့...အခုကျွန်တော်တို့ စက်လှေဆိပ်ကို သွားကြမယ်ခင်ဗျာ့"

"ဟုတ်ပါပြီ...ကိုမင်းခန့်ရေ"

ရွှေစည်းခုံဘုရားနဲ့စက်လှေဆိပ်က သိပ်မဝေးတာမို့ ကားခဏစီးတာနဲ့ ရောက်သွားနိုင်ပါတယ်။

"Hyunee ဘာလို့မျက်လုံးကိုခဏခဏပွတ်နေတာလဲ နာမယ်လေ မောင့်အချစ်ရဲ့"

မနက်က 4နာရီလောက်ထလာရတာမို့ လူကအိပ်စုံမှုံမွှားဖြစ်နေရခြင်းပါ။

"မနက်ကအစောကြီးထလိုက်လို့ထင်တယ် မျက်လုံးကနည်းနည်းစပ်နေလို့"

"အဲ့ဒါဆို မောင့်ပုခုံးပေါ်မှီပြီးလိုက်ခဲ့လေ ရောက်ရင်မောင်ပြောမယ်နော်"

တိုးမှီလာတာခေါင်းလေးကို ပုခုံးပေါ်တင်လို့လက်ကလေးနဲ့လည်း ဖွဖွထိန်းပေးထားရသေး။

မိနစ်အနည်းငယ်လောက်စီးပြီးတဲ့အခါမှာပေါ့ တန့်ကြည်တောင်ဘက်ကို ကူးမယ့်လှေဆိပ်ကိုရောက်လာခဲ့ပါပြီ။

"ဒီစက်လှေတွေက safe ဖြစ်ပါတယ် Chanyeol နဲ့ Baekhyun မောင်းတဲ့သူတွေကလည်း ဒီအလုပ်ကိုလုပ်လာတာကြာပြီလေ စိတ်အေးအေးထားပြီးလိုက်လို့ရပါ့တယ်ဗျာ့ ဒီမှာအသက်ကယ်၀တ်စုံတွေနော်"

မောင့်အချစ်သွားရာ ရွှေညာမြေ{Completed}Место, где живут истории. Откройте их для себя