အပိုင်း(၄){u+z}

143 21 5
                                        


Unicode

"ညကကောင်းကောင်းအိပ်ပျော်ကြပါရဲ့လား
ခင်ဗျာ့"

"အိပ်ပျော်ပါတယ် ကိုမင်းခန့်ရေ"

"ကဲ....ဒါဆိုမနက်စာသွားကြစို့လေ Chanyeol နဲ့ Baekhyunတို့"

Hotel ရဲ့မနက်စာကတော့ မုန့်ဟင်းခါးရယ် နှပ်ကော်ဖီနဲ့ Sandwich လည်းရှိတယ်~နိုင်ငံခြားသားတွေအတွက် Menu တစ်မျိုးထပ်ရှိပေမယ့် မြန်မာကိုရောက်တုန်း မြန်မာအစားအစာလေးကျွေးချင်တာမို့ မုန့်ဟင်းခါးကိုပဲရွေးလိုက်ပါတော့တယ်။

"ဒါက ဘာလဲဟင် ကိုမင်းခန့်ရေ အရည်တွေအဖတ်တွေရော ဘာလို့ခေါ်လဲဟင်"

"ဒါက မြန်မာ့မုန့်ဟင်းခါးလို့ ခေါ်ပါတယ် ဟင်းရည်ကအဓိကအကျဆုံးပဲ ဟင်းရည်ကို ငါးရယ်၊ပဲအနှစ်ရယ်နဲ့ကျိုချက်ထားပြီး မုန့်ဖတ်နဲ့တွဲစားရတဲ့အစားအစာ‌ပေါ့ မုန့်ဟင်းခါးထဲကို အကြော်ရယ်၊ငါးဖယ်ရယ်၊ကြက်ဥရယ်နဲ့ အသီးအနှံကြိုက်ရင်တော့ ပဲသီး၊နံနံပင်လိုမျိုးထည့်စားကြတယ်လေ အအီပြေအောင် သံပုရာသီးလေးညှစ်မယ် အစပ်အရသာကြိုက်ရင်တော့ ငရုတ်သီးမုန့်လေးနဲ့တွဲစားမယ်ဆိုရင် တအားကို အရသာရှိတဲ့အစားအစာလေပေါ့ဗျာ မြန်မာကိုရောက်တုန်း မြန်မာအစားအစာလေးကျွေးချင်လို့ ဒီ Menu ကိုရွေးလိုက်တာပါ မြည်းကြည့်ပါဦး Baekhyun နဲ့ Chanyeolတို့ အကြိုက်တွေ့လောက်မလားပဲ"

ကိုမင်းခန့်ညွှန်းတာနဲ့ပဲ Hyuneeရော ကျွန်တော်ရော ဒီမုန့်ဟင်းခါးကိုစားကြည့်ချင်စိတ်တောင်ဖြစ်တယ်။ပုံစံလေးကြည့်ရတာလည်း တကယ်အရသာရှိမယ့်ပုံလေး။ကျွန်တော်ရော Hyuneeရော မြန်မာမုန့်ဟင်းခါးကို မြည်းစမ်းကြည့်လိုက်ပါသည်။

တကယ်လည်းအရသာရှိလှပါတယ် ပဲရဲ့အချိုရော ငါးကရတဲ့အချိုဓာတ်ကရောပေါင်းလိုက်တော့ ပါးစပ်ထဲအချိုအရသာကျန်ခဲ့ပြီး အဆုံးသတ်မှာ သံပုရာရည်ရဲ့အနံ့လေးက အအီကိုပြေစေတာပေါ့။အစပ်နဲ့နံနံပင်ကတော့မစားနိုင်လို့ တာ့တာနော်။

"တကယ်ကောင်းတဲ့အရသာပဲ...ကြိုက်တယ် ကိုမင်းခန့် မြန်မာမုန့်ဟင်းခါးက တကယ်အရသာရှိတယ်"

"너무 맛있어! အရမ်းအရသာရှိတယ်" ဆိုပြီးခေါင်းမဖော်တမ်းစားနေတာက Baekhyunရယ်ပါ။

မောင့်အချစ်သွားရာ ရွှေညာမြေ{Completed}Место, где живут истории. Откройте их для себя