ကျေးဇူးတင်လွှာ{u+z}

91 14 4
                                        

Unicode

အစကနေ အဆုံးထိလိုက်ပါပေးကြခဲ့တဲ့ ဒီခရီးစဉ်လေးက အခုနှုတ်ဆက်ရမယ့်အချိန်ကို ရောက်လာပါပြီ။ဒီခရီးစဉ်လေးကိုရေးဖြစ်ဖို့က တွေးနေခဲ့တာတော့ အတော်ကိုကြာခဲ့ပါပြီ။Fbမှာ ဒီခရီးစဉ်အတိုလေးရေးပြီးကတည်းက အရှည်ပြန်ဆွဲကြည့်ဖို့စဉ်းစားခဲ့ပေမယ့် စိုးရိမ်မှုတွေကြောင့် လက်လျော့ခဲ့တာလည်း အကြိမ်ကြိမ်ပါပဲ။ကောင်းကောင်းပုံဖော်မပြနိုင်မှာ၊အသေအချာလေးရေးမပေးနိုင်မှာကို အများကြီးတွေးပူမိနေခဲ့တာပါ။
ဒါပေမယ့် မြတ်နိုးရတဲ့လူသားလေးနှစ်ယောက်ကို ဒီပုဂံကိုခေါ်ချင်တဲ့စိတ်ကလည်းကြီးစိုးနေတဲ့အတွက် ရေးကြည့်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ကိုယ်က ပုဂံကို 2019တုန်းကရောက်ခဲ့တာဆိုတော့ သွားခဲ့တဲ့ခရီးစဉ်တွေက ရေးတေးတေးဖြစ်နေတဲ့အတွက်သေချာအောင် ပုဂံမြေပုံတွေကို အထပ်ထပ်ရှာကြည့်ခဲ့တယ်၊ခရီးစဉ်တွေဆွဲခဲ့တယ်၊ပုဂံသမိုင်းကြောင်းတွေလေ့လာပြီး အညာရဲ့အလေ့အထတွေ၊ အညာစာတွေ‌ကို သေချာလေးလေ့လာဖြစ်ခဲ့ပါတယ်။

အခုလိုဒီခရီးစဉ်လေးကို အစကနေအဆုံးလိုက်ပေးခဲ့တဲ့စာဖတ်သူတစ်ယောက်ချင်းစီကိုရော၊ Reading list ထဲထည့်ပေးခဲ့ကြတဲ့သူတွေရော ၊voteနဲ့ Comလေးတွေအမြဲလာပေးတဲ့သူတွေရောကို ကျေးဇူးအထူးတင်ရပါတယ်။တကူးတက review  တောင်းပေးတဲ့ ညီမလေးကိုလည်း အများကြီးကျေးဇူးတင်ရပါတယ်နော်။reviewရေးပေးတဲ့သူများကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်။

ကိုယ်ကဒီလောက်ထိစာဖတ်သူတွေရှိလာလိမ့်မယ်လို့တောင် မမျှော်လင့်ခဲ့တာမို့ အခုလိုလေးချစ်ပေးကြတာကိုတွေ့ရတော့ အများကြီး၀မ်းသာပီတိဖြစ်ရပါတယ်။ဉာဏ်သေးသေးလေးကနေ တတ်စွမ်းရှိသမျှကိုချပြခဲ့ခြင်းမှာ ရသတစ်ခုခုရသွားခဲ့မယ်ဆိုရင် အများကြီး၀မ်းသာမိမှာပါပဲ။တစ်ခုခုအမှားများရှိခဲ့ရင်၊အရေးအသားပေါ့သွားတာများရှိသွားခဲ့ရင်လည်း ဒီခရီးစဉ်လေးက ပထမဆုံးစဖြစ်တာလေးမို့ ဖြည့်တွေးပေးဖို့လည်း မျှော်လင့်ပါတယ်။ဒီခရီးစဥ်‌ လေးကပြီးသွား‌ပေမယ့် ချစ်ပေးခဲ့ကြတဲ့တစ်ယောက်ချင်းစီကို အမြဲအမှတ်ရနေတော့မှာပါ။ပထမဆုံးစတင်တဲ့ခြေလှမ်းမှာ အတူရှိပေးခဲ့ကြလို့ အများကြီးချစ်ရပါတယ်။ စာဖတ်သူတစ်ယောက်ချင်းဆီကို ကျေးဇူးတင်ရင်း နေ့ရက်တိုင်းမှာပျော်ရွှင်ကျန်းမာဖို့ မျှော်လင့်ပါတယ်။
                                    ~ချစ်ခြင်းများစွာဖြင့်~
                                               Chara

Zawgyi

အစကေန အဆုံးထိလိုက္ပါေပးၾကခဲ့တဲ့ ဒီခရီးစဥ္ေလးက အခုႏႈတ္ဆက္ရမယ့္အခ်ိန္ကို ေရာက္လာပါၿပီ။ဒီခရီးစဥ္ေလးကိုေရးျဖစ္ဖို႔က ေတြးေနခဲ့တာေတာ့ အေတာ္ကိုၾကာခဲ့ပါၿပီ။Fbမွာ ဒီခရီးစဥ္အတိုေလးေရးၿပီးကတည္းက အရွည္ျပန္ဆြဲၾကည့္ဖို႔စဥ္းစားခဲ့ေပမယ့္ စိုးရိမ္မႈေတြေၾကာင့္ လက္ေလ်ာ့ခဲ့တာလည္း အႀကိမ္ႀကိမ္ပါပဲ။ေကာင္းေကာင္းပုံေဖာ္မျပနိုင္မွာ၊အေသအခ်ာေလးေရးမေပးနိုင္မွာကို အမ်ားႀကီးေတြးပူမိေနခဲ့တာပါ။
ဒါေပမယ့္ ျမတ္နိုးရတဲ့လူသားေလးႏွစ္ေယာက္ကို ဒီပုဂံကိုေခၚခ်င္တဲ့စိတ္ကလည္းႀကီးစိုးေနတဲ့အတြက္ ေရးၾကည့္ဖို႔ဆုံးျဖတ္ခဲ့ပါတယ္။ကိုယ္က ပုဂံကို 2019တုန္းကေရာက္ခဲ့တာဆိုေတာ့ သြားခဲ့တဲ့ခရီးစဥ္ေတြက ေရးေတးေတးျဖစ္ေနတဲ့အတြက္ေသခ်ာေအာင္ ပုဂံေျမပုံေတြကို အထပ္ထပ္ရွာၾကည့္ခဲ့တယ္၊ခရီးစဥ္ေတြဆြဲခဲ့တယ္၊ပုဂံသမိုင္းေၾကာင္းေတြေလ့လာၿပီး အညာရဲ႕အေလ့အထေတြ၊ အညာစာေတြ‌ကို ေသခ်ာေလးေလ့လာျဖစ္ခဲ့ပါတယ္။

အခုလိုဒီခရီးစဥ္ေလးကို အစကေနအဆုံးလိုက္ေပးခဲ့တဲ့စာဖတ္သူတစ္ေယာက္ခ်င္းစီကိုေရာ၊ Reading list ထဲထည့္ေပးခဲ့ၾကတဲ့သူေတြေရာ ၊voteနဲ႕ Comေလးေတြအၿမဲလာေပးတဲ့သူေတြေရာကို ေက်းဇူးအထူးတင္ရပါတယ္။တကူးတက review  ေတာင္းေပးတဲ့ ညီမေလးကိုလည္း အမ်ားႀကီးေက်းဇူးတင္ရပါတယ္ေနာ္။reviewေရးေပးတဲ့သူမ်ားကိုလည္း ေက်းဇူးအမ်ားႀကီးတင္ပါတယ္။

ကိုယ္ကဒီေလာက္ထိစာဖတ္သူေတြရွိလာလိမ့္မယ္လို႔ေတာင္ မေမွ်ာ္လင့္ခဲ့တာမို႔ အခုလိုေလးခ်စ္ေပးၾကတာကိုေတြ႕ရေတာ့ အမ်ားႀကီး၀မ္းသာပီတိျဖစ္ရပါတယ္။ဉာဏ္ေသးေသးေလးကေန တတ္စြမ္းရွိသမွ်ကိုခ်ျပခဲ့ျခင္းမွာ ရသတစ္ခုခုရသြားခဲ့မယ္ဆိုရင္ အမ်ားႀကီး၀မ္းသာမိမွာပါပဲ။တစ္ခုခုအမွားမ်ားရွိခဲ့ရင္၊အေရးအသားေပါ့သြားတာမ်ားရွိသြားခဲ့ရင္လည္း ဒီခရီးစဥ္ေလးက ပထမဆုံးစျဖစ္တာေလးမို႔ ျဖည့္ေတြးေပးဖို႔လည္း ေမွ်ာ္လင့္ပါတယ္။ဒီခရီးစဥ္‌ ေလးကၿပီးသြား‌ေပမယ့္ ခ်စ္ေပးခဲ့ၾကတဲ့တစ္ေယာက္ခ်င္းစီကို အၿမဲအမွတ္ရေနေတာ့မွာပါ။ပထမဆုံးစတင္တဲ့ေျခလွမ္းမွာ အတူရွိေပးခဲ့ၾကလို႔ အမ်ားႀကီးခ်စ္ရပါတယ္။ စာဖတ္သူတစ္ေယာက္ခ်င္းဆီကို ေက်းဇူးတင္ရင္း ေန႕ရက္တိုင္းမွာေပ်ာ္႐ႊင္က်န္းမာဖို႔ ေမွ်ာ္လင့္ပါတယ္။
                                    ~ခ်စ္ျခင္းမ်ားစြာျဖင့္~
                                               Chara

မောင့်အချစ်သွားရာ ရွှေညာမြေ{Completed}Onde histórias criam vida. Descubra agora