Unicode
ကိုမင်းခန့်က သူ့အသိနဲ့စကားပြောနေတာမို့ ကျွန်တော်နဲ့ Hyunee က ထနောင်းပင်အောက်က ကွပ်ပျစ်လေးမှာ ရေနွေးနဲ့ထန်းလျက်စားရင်း စောင့်နေကြပါတယ်။
"Hyunee ရော့ အချစ်အတွက်"
မောင်ပေးလာတာက ဘူးလေး အတိအကျဆို
ကနုတ်တွေချယ်ထားတဲ့ ယွန်းဘူးလေး။
"ဘာလဲ...ဒါက"
"သိချင်ဖွင့်ကြည့်လေ"
မောင်ကတော့လုပ်ရင်အဆန်း အခုလည်းဘာထွင်နေပြန်တာလဲမသိဘူး။
"ဟင်...ဘာမှလည်းမပါဘဲနဲ့ မောင်က လူနောက်"
"Hyunee ကမောင့်ကိုမချစ်ပါဘူးကွာ"
"ဟောဗျာ...အမောင် Chanyeol ဘယ်လိုဖြစ်ရပြန်တာလဲ Hyunee ဘာလုပ်လို့လဲကွာ ဒီမှာဘာမှမှမပါတာကို"
"သေချာကြည့်ရင်မြင်ရမှာလေ သေချာကြည့် မောင့်ကိုမချစ်လို့သာမမြင်ရတာပေါ့"
ထပ်ကြည့်တော့လည်း ထိုနည်းတူပါပဲ သစ်စေးသုတ်ထားတာတဲ့အောက်ခံမဲမဲကလွဲပြီးဘာမှမရှိဘူး။
"ဒီမှာမယုံရင်မောင်ပါကြည့် ဘယ်မှာလဲ ဘာမှမရှိဘဲနဲ့"
"အဲ့ဒီထဲမှာ မောင့်အချစ်တွေထည့်ထားတာလေ Hyuneeကလဲကွာ"
"ဟမ်...မောင်ရဲ့ ကလေးကြီးကြနေတာပဲ သိပ်အဆန်းလုပ်တာပဲ မောင့်အချစ်တွေကို Hyuneeကသိပြီးသားပါ ဘူးအလွတ်ကြီးလာပေးပြီး မြင်အောင်ကြည့်ဆိုတော့ Hyuneeကဘယ်သိမလဲဗျာ့"
"မောင့်ကိုချစ်လား"
"မောင့်ကိုချစ်လို့ပဲ Hyuneeအပိုင်ဖြစ်အောင်လုပ်ထားတာမဟုတ်ဘူးလား"
အူယားပြီးပါးလေးတစ်ဖက်ကိုနမ်းတော့လည်း နူးနူးအိအိလေးနဲ့ နှုတ်ခမ်းလေးကိုသာပါးလေးနဲ့အမြဲကပ်ထားချင်တော့တယ်။အညာလေပူနွေးနွေးအောက်မှာ မောင့်အချစ်ကတော့ကြည့်မိတိုင်းအမြဲအေးချမ်းနေတဲ့ပုံလေး။မောင်ကတော့လေ Hyuneeကို အိတ်ကပ်လေးထဲသာထည့်ပြီး ဖွက်ထားချင်တော့တာပဲ။
"စောင့်ရတာကြာသွားသလားခင်ဗျာ့ သူငယ်ချင်းနဲ့တွေ့နေတော့ နည်းနည်းလေရှည်သွားတာ"
"မကြာပါဘူးကိုမင်းခန့်ရဲ့...ဒီအပင်အောက်မှာထိုင်ရတာ အေးအေးသက်သက်နဲ့နေလို့ကောင်းတယ်"
YOU ARE READING
မောင့်အချစ်သွားရာ ရွှေညာမြေ{Completed}
Romanceပုဂံက ကိုယ့်အတွက်တကယ်မြတ်နိုးတန်ဖိုးရတဲ့နေရာမို့ ကိုယ်မြတ်နိုးရတဲ့ OTP လေးကိုလည်းအလည်ခေါ်ချင်တဲ့ သဘောလေးပါ။အဲ့ဒီထဲမှာ Chara Fbမှာရေးခဲ့တဲ့Postလေးထဲကအတိုင်းကို ပြန်ပြီးအကျယ်ချဲ့ရေးမှာပါ။ပုဂံသမိုင်းတွေလည်း Google ကနေရှာပြီးလေ့လာထားတာမို့ သမိုင်းကြောင...
