Unicode
Thripyitsara Sanctuary Resort!!
ကားခဏစီးပြီးတော့ ကျွန်တော်တို့တည်းရမယ့် Hotel ကိုရောက်လာပါပြီ။ရှာကြည့်ရသလောက် ဒီ Hotelက ၀န်ဆောင်မှုရော၊reviewsတွေလည်း ကောင်းတာကြောင့် ဒီမှာတည်းဖို့ပဲဆုံးဖြတ်ခဲ့လိုက်တာ။
"Chanyeol တို့ဒီမှာတည်းရတာသဘောကျမှာပါ ဒီ Resort က Reiver Viewမို့ ညနေကျရင် မြစ်နဲ့နေ၀င်ဆည်းဆာရဲ့အလှကိုခံစားလို့လည်းရတယ်လေ"
"ဟုတ်ကဲ့...ဒီ Hotelကလှတယ်နော် ပြင်ဆင်ထားတာလည်း တကယ်ကိုခမ်းနားပါတယ်... Hyunee သဘောကျရဲ့လား"
"အင်း...မောင်အများကြီးသဘောကျတယ်"
အမှန်တိုင်းပြောရရင် Chanyeol လည်းတကယ်သဘောကျပါတယ် Hotel ကသပ်ရပ်လှပတဲ့အပြင် ၀န်ဆောင်မှုလည်းတအားကောင်းပါတယ်။
"ဒါက Chanyeol တို့အခန်းပါ မျက်နှာချင်းဆိုင်အခန်းမှာ ကျွန်တော်ရှိပါမယ် အေးဆေးအနားယူကြပါ တစ်ခုခုလိုရင်လည်းကျွန်တော့်ကိုခေါ်လိုက်နော်"
"ကျေးဇူးတင်ပါတယ် ကိုမင်းခန့်ထည် ခဏနေမှထပ်တွေ့ကြပါမယ်"။
အခန်းထဲရောက်တော့လည်း တကယ် Luxury အပြည့်ပါပဲ။ရေချိုးခန်း၊သန့်စင်ခန်းတွေကလည်းသန့်ရှင်းပြီးသပ်ရပ်တယ် မှန်ပြတင်းပေါက်ကလိုက်ကာကို ဖယ်လိုက်တော့လည်း လှပတဲ့မြစ်ပြင်ကြီးကို တွေ့ရလို့စိတ်အနားယူဖို့လည်းကောင်းပါတယ်။
"မောင် ဒီကသိပ်ကိုလှတယ်နော် ဒီကနေမြင်နေရတဲ့မြင်ကွင်းကလည်း တအားလှတာပဲ Hyunee တို့ဆီက ဟန်မြစ်လိုပဲ ဒီမြစ်ကလည်းနာမည်ရှိမှာပဲ ပြီးမှပဲ ကိုမင်းခန့်ထည်ကို မေးကြည့်ရဦးမယ်"
"မောင့်အချစ်သဘောကျနေတာ မြင်ရတော့မောင်သိပ်ပျော်တာပဲ ကဲ ပါးစပ်လေးစိပြီး ခဏလာနားဦး လာခဲ့ လေယာဉ်ခဏတိုင်းစီးလာရလို့ မောင်ခဏနားချင်တယ်"
"ဟီး...Hyuneeလည်းနားချင်နေပြီရယ် လာပြီမောင်ရေ"
အခုတော့ မွေ့ယာအိအိလေးပေါ်မှာ တစ်ယောက်နဲ့တစ်ယောက်ပွေ့ဖက်ရင်း အိပ်ပျော်သွားတဲ့ကောင်လေးနှစ်ယောက်ရဲ့ ပုဂံခရီးစဉ်က စတော့မှာပဲဖြစ်ပါတယ်။
YOU ARE READING
မောင့်အချစ်သွားရာ ရွှေညာမြေ{Completed}
Romanceပုဂံက ကိုယ့်အတွက်တကယ်မြတ်နိုးတန်ဖိုးရတဲ့နေရာမို့ ကိုယ်မြတ်နိုးရတဲ့ OTP လေးကိုလည်းအလည်ခေါ်ချင်တဲ့ သဘောလေးပါ။အဲ့ဒီထဲမှာ Chara Fbမှာရေးခဲ့တဲ့Postလေးထဲကအတိုင်းကို ပြန်ပြီးအကျယ်ချဲ့ရေးမှာပါ။ပုဂံသမိုင်းတွေလည်း Google ကနေရှာပြီးလေ့လာထားတာမို့ သမိုင်းကြောင...
