အပိုင်း(၁၀){u+z}

85 14 0
                                        

Unicode

"Chanyeol နဲ့ Baekhyun ရေ ကျွန်တော်တို့ကဒီနေ့ ပုဂံမြို့ဟောင်းထဲကဘုရားတွေဖူးကြမယ် ခင်ဗျာ့ Hotel နဲ့လည်းသိပ်မဝေးတာမို့ ebike စီးကြမလားခင်ဗျာ့"

"ebike...အင်း...ကောင်းသားပဲကိုမင်းခန့် Hyunee စီးမယ်မလား"

"သွားမယ်လေ မနေ့က Vlog တစ်ခုမှာ ပုဂံကို ebike နဲ့လည်နေတာ ကြည့်ရတာ ပျော်ဖို့ကောင်းမှာစီးမယ်"

"ဟုတ်ပြီဗျာ့...အဲ့ဒါဆို ကျွန်တော်ဘယ်နှစီးငှားလာခဲ့ရမလဲ"

"နှစ်စီးပဲလေ ကိုမင်းခန့်အတွက်ရယ် ကျွန်တော်တို့နှစ်ယောက်ကတစ်စီးရယ်"

"ဟမ်...မောင်ကလည်း Hyunee လည်းမောင်းချင်တယ်လေ ကိုမင်းခန့် သုံးစီး သုံးစီး"

"မရပါဘူး ဟန်းဂုမှာတုန်းကလည်းမောင့်နောက်ကပဲလိုက်တာကို ကိုမင်းခန့် နှစ်စီးပဲ"

"ဟန်းဂုကဟန်းဂု ပုဂံကပုဂံ ကိုမင်းခန့် သုံးစီး"

"သေချာလည်းစီးနိုင်တာမဟုတ်ဘူး နေကလည်းပူသေးတယ် အေးအေး‌သက်သာနဲ့မောင့်နောက်ကနေသာလိုက်ပါကွာ ကိုမင်းခန့် နှစ်စီးပဲ"

"ရတယ် စီးနိုင်တယ် ကိုမင်းခန့် သုံးစီးနော်"

ဟိုတစ်ယောက်ကသုံးစီး‌ပြောလိုက်၊ဒီတစ်ယောက်ကနှစ်စီးပြောလိုက်နဲ့ ကြားထဲကချာချာလည်နေတာ ကိုမင်းခန့်ရယ်ပါ။အခုပဲ ebikeသုံးစီးပြေးငှားရမလိုလို ၊နှစ်စီးလိုပဲပြေးငှားရမလိုနဲ့ အူလည်လည်တောင်ဖြစ်လာပြီ။

"ကဲ...ကျွန်တော်ရှင်းပေးပါ့မယ် ခဏနေပါဦးဗျာ့ Baekhyun က ebike ကိုကျွမ်းကျွမ်းကျင်ကျင်စီးတတ်တာလားဗျာ့"

"အာ..ဟို တအားကြီးမဟုတ်ပေမယ့် စီးနိုင်ပါတယ် ကိုမင်းခန့်ရ"

"သေချာမစီးတတ်ရင် Chanyeolနောက်ကပဲလိုက်လိုက်ပါဗျာ့ ဟိုမှာ စူပုတ်နေပြီ"

ကိုမင်းခန့်ပြောမှကြည့်လိုက်တော့ ကလေးတွေလိုချင်မရလို့ စူပုတ်နေတဲ့ပုံစံနဲ့ အာရီဂူး...ကျွန်တော့်မောင်လောက်ချစ်ဖို့ကောင်းတာမရှိ။

"အမ်း...အမ်း ဒါဆိုလည်းသူ့နောက်ကပဲလိုက်တော့မယ်"

"ဟေဟေး ဒီလိုမှပေါ့ မောင့်အချစ်ကိုမောင်က စိတ်မချလို့ပါကွာ"

မောင့်အချစ်သွားရာ ရွှေညာမြေ{Completed}Où les histoires vivent. Découvrez maintenant