Chanyeol တို့စီးလာတဲ့ကားလေးဟာ
ဂူပြောက်ကြီးဘုရားသို့ ရောက်လာခဲ့ပါပြီ။
¡Ay! Esta imagen no sigue nuestras pautas de contenido. Para continuar la publicación, intente quitarla o subir otra.
ဂူပြောက်ကြီးဘုရား(pic crd to owner)
"ကျွန်တော်တို့အခုရောက်နေတဲ့ဘုရားက
ဂူပြောက်ကြီးလို့ခေါ်တယ်။ဒါက၀က်သည်းအင်း ဂူပြောက်ကြီး ဒီမှာက ဂူပြောက်ကြီးနှစ်မျိူးရှိတယ်လေ။ တစ်ခုကမြင်းကပါရွာမှာရှိတယ်။ မြင်းကပါကိုသွားတဲ့အခါ မြင်းကပါဂူပြောက်ကြီးဘုရားကို ဖူးရပါလိမ့်မယ်"
အုတ်ရိုးလေးအတိုင်းလျှောက်ပြီး ဘုရားနားရောက်တော့ ဖိနပ်ချွတ်ရပါမယ်။
ကျွန်တော်တို့စီးလာတဲ့ဖိနပ်တွေက Shoeတွေမို့ တစ်ဘုရားရောက်တိုင်းတစ်ခါဖိနပ်ချွတ်ရတာသိပ်တော့အဆင်မပြေလှ။
"Hyunee လာမောင်ချွတ်ပေးမယ်"
"အာ...ရပါတယ် မောင်ကလည်းကိုယ့်ဘာသာချွတ်ပါ့မယ်"
"ခုနက ဖိနပ်ကြိုးကိုဖြစ်သလိုချည်လိုက်တော့ အခုရှုပ်ကုန်ပြီပေါ့ အချစ်ရဲ့ လာပါ မောင်လုပ်ပေးမယ်"
ကိုရီးယားသားလေးနှစ်ယောက်ရဲ့ ဖိနပ်ကြိုးအရှုပ်တော်ပုံကိုကြည့်ရင်း ကျွန်တော်လည်းပြုံးမိရပါတယ်။တစ်ဘုရားရောက်လိုက် ဖိနပ်ကြိုးချည်လိုက် ဖြုတ်လိုက်နဲ့ဆို အဆင်မပြေလောက်တာမို့ ပြီးရင်တော့ ဖိနပ်ဆိုင်ကိုခေါ်သွားပေးရတော့မယ်ထင်တယ်။
"ဒီမှာက ဘုရားတွေကိုသွားရတာဆိုတော့ တစ်နေရာရောက်ရင်တစ်နေရာတော့ ဖိနပ်ချွတ်ရတယ်ဗျာ့ Chanyeol နဲ့ Baekhyun တို့ဖိနပ်တွေက စီးရချွတ်ရ အဆင်မပြေလှဘူး ခဏနေရင်ကျွန်တော် ဖိနပ်ဆိုင်ကိုလိုက်ပို့ပါ့မယ်"
"အဲ့ဒီလိုကပိုအဆင်ပြေမယ်ထင်တယ် ကိုမင်းခန့်ရေ ကျွန်တော်တို့ကလည်း ဒီလိုမှန်းဘယ်သိမလဲ တစ်နေရာရောက်ရင်တစ်နေရာ ဖိနပ်ကုန်းကုန်းချွတ်နေရတာ ခါးညောင်းရချည်ရဲ့"
ESTÁS LEYENDO
မောင့်အချစ်သွားရာ ရွှေညာမြေ{Completed}
Romanceပုဂံက ကိုယ့်အတွက်တကယ်မြတ်နိုးတန်ဖိုးရတဲ့နေရာမို့ ကိုယ်မြတ်နိုးရတဲ့ OTP လေးကိုလည်းအလည်ခေါ်ချင်တဲ့ သဘောလေးပါ။အဲ့ဒီထဲမှာ Chara Fbမှာရေးခဲ့တဲ့Postလေးထဲကအတိုင်းကို ပြန်ပြီးအကျယ်ချဲ့ရေးမှာပါ။ပုဂံသမိုင်းတွေလည်း Google ကနေရှာပြီးလေ့လာထားတာမို့ သမိုင်းကြောင...
