မောင်နဲ့မောင့် Hyunee တို့ရဲ့သင်္ကြန်{z+u}

165 14 14
                                        

Unicode

တစ်နှစ်ကျော်အကြာမှာ ပြန်ပြီးခြေချဖြစ်တဲ့ပုဂံမြေ။နွေရဲ့အငွေ့အသက်ကလေးတွေနဲ့ ပုဂံအညာ ဒေသကပိုပြီးအသက်၀င်ဆဲ၊လှပဆဲ၊ခန့်ညားဆဲ၊တင့်တယ်နေဆဲပါပဲ။

ပုဂံခရီးကနေပြန်ပြီး တစ်နှစ်ကျော်အကြာမှပြန်လာရခြင်းက ကိုမင်းခန့်ရိုက်ကူးထားတဲ့ Vlogလေးကိုမြင်ပြီး ကျွန်တော်နဲ့ Hyunee အလည်ထပ်လာရခြင်းပါ။မနှစ်ကတည်းကအလည်‌ ခေါ်ပေမယ့် အလုပ်ကိစ္စတွေကြောင့် ဒီနှစ်မှပဲအလည်လာဖြစ်တော့တယ်။ကိုမင်းခန့်တင်ထားတဲ့ Vlog လေးက မြန်မာ့ရိုးရာယဉ်ကျေးမှု အတာသင်္ကြန်တဲ့လေ။

April 11

"ကိုမင်းခန့်"

"ဟော... Chanyeol နဲ့ Baekhyun မျှော်လိုက်ရတာခင်ဗျာ့ အခုတော့ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာကြပြီပဲ"

"ဟုတ်ပါ့...ကိုမင်းခန့်ရေ ကျွန်တော်တို့လည်း မြန်မာ့ရိုးရာသင်္ကြန်ကိုအတူ ဆင်နွှဲချင်လို့ပါခင်ဗျာ့"

"ရွှေညာမြေကနေ ပြန်လည်ကြိုဆိုပါတယ်ခင်ဗျာ့ သင်္ကြန်ပွဲတော်မှာလည်း Chanyeolနဲ့ Baekhyunတို့ပျော်ရွှင်ရမှာ အသေအချာပါပဲခင်ဗျာ့"

ဒီတစ်ခါတော့ ကိုမင်းခန့်က Hotel မှာအတည်းမခံဘဲ သူ့ဦးလေးအိမ်မှာပဲလိုက်တည်းဖို့ အတင်းပြောတာမို့ Hotel မှာမတည်းဖြစ်တော့ဘဲ မြင်းကပါရွာက ယွန်းဆိုင်နဲ့ဆက်ရက်ဆောက်ထားတဲ့ ကိုမင်းခန့်ဦးလေး ဦးရွှေဆောင်တို့အိမ်မှာပဲတည်းဖြစ်ကြပါသည်။

April 12

မနက်ဖြန်ကနေစမယ့် သင်္ကြန်ရက်တွေမှာရေကစားဖို့အတွက် ယွန်း‌ဆိုင်ဘေးမှာ အုန်းလက်ကလေးနဲ့
မဏ္ဌပ်လှလှဆောက်ကြပါသည်။ရေဆော့ဖို့အဆင်ပြေဖို့အတွက် စည်ပိုင်းနှစ်လုံးကိုချပေးထားပြီး ပိုက်ဖြင့်ရေကိုသွယ်ပေးထားပါသည်။ Hyuneeနဲ့ကျွန်တော်လည်း တစ်တပ်တစ်အားအဖြစ်၀င်၍ ကူညီပေးကြပါသည်။ကူလုပ်နေတဲ့အချိန်မှာ ကိုမင်းခန့်က သင်္ကြန်အကြောင်းကိုရှင်းပြလာပါသည်။

"သင်္ကြန်ဆိုတာက မြန်မာရဲ့နှစ်သစ်ကူးပြောင်းချိန်ကိုဆိုလိုတာခင်ဗျာ့။ရေကစားကြတယ်ဆိုတာကတော့ နှစ်ဟောင်းကနေ နှစ်သစ်ကိုကူးပြောင်းချိန်မှာ မကောင်းတဲ့အညစ်အကြေးတွေကို ဖယ်ရှားသန့်စင်တဲ့သဘောပေါ့။နွေရာသီပွဲတော်ဖြစ်လို့ နေရဲ့အပူဒဏ်ကို ရေအေးလေးနဲ့ အေးမြစေ‌တဲ့သဘောလို့လည်း ပြောလို့ရတယ်ခင်ဗျာ့"

Has llegado al final de las partes publicadas.

⏰ Última actualización: Apr 22, 2022 ⏰

¡Añade esta historia a tu biblioteca para recibir notificaciones sobre nuevas partes!

မောင့်အချစ်သွားရာ ရွှေညာမြေ{Completed}Donde viven las historias. Descúbrelo ahora