အပိုင်း(၂) - မယုံနိုင်စရာပဲ
" စပြီ "
ရုတ်တရက် လူအုပ်၏အော်သစ်သံများအောက်တွင် ကားနှစ်စီးသည် လျှပ်စီးကဲ့သို့ ရှေ့သို့ ထိုးထွက်သွားသည်။
လူများသည် အီလက်ထရောနစ်ဖန်သားပြင်ဆီသို့ပြေးလာပြီး ကားနှစ်စီးကြားက အဝေးထိန်းကင်မရာမှမြင်ကွင်းကို ကြည့်လိုက်ကြသည်။
"အစ်ကိုဖုန်း ရဲ့ စထွက်နှုန်းက အတော်မြန်တာပဲ"
"အမှန်ပဲ ။ ကားနှစ်စီးက အဆင့်တူတောင်မဟုတ်ဘူး"
"နောက်ဆုံးမှာတော့ အစ်ကိုဖုန်းက ကျွမ်းကျင်ပြိုင်ကားသမားတစ်ယောက် ရဲ့ အစွမ်းသတ္တိတွေရှိတယ်"
"ဒါပေမဲ့ ကျန်းဟန် အတွက်ကတော့ သူက ပြိုင်ကားနဲ့မထိတွေ့တာ ငါးနှစ်ရှိပြီမဟုတ်လား။"
ဖန်သားပြင်ပေါ်တွင် ငါးစက္ကန့်ကြာပြီးနောက် လျိုဖုန်း၏ Ferrari သည် (၁၀) မီတာအကွာ ရှေ့မှ ဦးဆောင်နေသည်။ (၁၀) မီတာလေးသာဆိုပြီး လျှော့တွက်လို့မရပေ။ ကွေ့ကောက်သော လမ်း၏ ပထမတစ်ဝက်တွင် ကားနှစ်စီးသည် တစ်စီးကို တစ်စီးဖြတ်ကျော်မောင်းနှင်နေသည်။ တောင်ထိပ်ပေါ်သို့ရောက်သည်နှင့် မြေပြင်နှင့်တာယာပွတ်တိုက်သံကို ကြားရသည်။
"လျိုဖုန်းက Los Angeles ရဲ့ ကားဘုရင်ဖြစ်ဖို့ ထိုက်တန်တယ် ။သူ့မှာ ထူးခြားတဲ့ နားလည်နိုင်စွမ်းနှင့် အရည်အချင်းရှိတယ်"
လူလတ်ပိုင်းအရွယ် ထိပ်ပြောင်တစ်ဦးသည် သူ၏အမြင်ကို ဆွေးနွေးနေသည်။ သူသည် ပရော်ဖက်ရှင်နယ် ကားပြိုင်ပွဲများ၏ အကဲဖြတ်ဆရာတစ်ဦးဖြစ်သည်။
သူစကားပြောနေရင်းနှင့် ရုတ်တရက် အံ့ဩစွာအော်လိုက်သည်။
"အာ . . ကျန်းဟန်ရဲ့ ဒရစ်ဖ်တင်း(drifting) က လျိုဖုန်းထက် ပိုသာလိမ့်မယ်လို့ ဘယ်သူထင်မှာလဲ။ သူက အကွာအဝေးနဲ့ခွန်အားသတ်မှတ်ချက်တွေမှာ အမှန်တကယ်ကို ကျွမ်းကျင်မှုရှိတာပဲ"
ကင်မရာမြင်ကွင်းတွင် အပြာရောင် Ford Mustang ရဲ့ အမြန်နှုန်းနဲ့ တိကျမှုက Ferrari ထက်ကို ပိုမို ချောမွေ့နေသည်။ တဖြည်းဖြည်းနှင့် ကားနှစ်စီးကြားရှိအကွာအဝေးသည် ပိုမိုနီးကပ်လာသည်။ Mustang သည် သူ့အားကျော်တက်တော့မှာကို သိလိုက်သောကြောင့် Freeari သည် တစ်ဘက်မှ တစ်ဘက်သို့ ယိမ်းလာကာ ထက်ရှသော အနေအထားသို့ ဝင်ရောက်လာသည်။ ၎င်းသည် Mustang ၏ အရှိန်ကို နှေးကွေးသွားစေသည်။
ВЫ ЧИТАЕТЕ
အင်မော်တယ်ဖေဖေ Part 1 (စာစဉ် ၁ မှ ၁၃ အထိ)
Любовные романыGodly Stay-Home Dad Author -Shan Wang Zhang အင်မော်တယ်ဖေဖေ ဘာသာပြန် - K Eros ဘာသာပြန်နှုန်း - တစ်ရက် ၂ ပိုင်း or ၃ ပိုင်း Facebook Page 👇👇 https://www.facebook.com/daddyzhanghan Review 👇👇 https://m.facebook.com/story.php?story_fbid=1145765672877...
