အပိုင်း(၆၂)
"ဟုတ်ပါတယ် မန်ဘာကတ်တစ်ကတ်က တစ်သန်းဆိုတာက ပထမဆုံး ၁၀ ကတ်ပဲရမှာပါ။ နောက်ထပ်ကတ်တွေကိုတော့ တစ်ကတ်ကို ယွမ် ၁၀ သန်းကျလိမ့်မယ်"
ယူချင်းချင်းသည် သူမကို တစ်ချက်ကြည့်လိုက်ပြီး ပြန်ပြောသည်။
"ပြီးတော့ ဖက်ထုပ်တွေအကုန်လုံးက ကုန်သွားပြီ။ မန်ဘာကတ်ရခဲ့ရင်တောင် စားလို့ရတော့မှာမဟုတ်ဘူး။ သူဌေးက ရှင့်အတွက် ထပ်ပြီးလုပ်ပေးမှာမဟုတ်တော့ဘူး"
"အိုး..."
အမျိုးသမီးသည် တခစ်ခစ်ရယ်၍ ခေါင်းယမ်းလိုက်သည်။ သူမသည် မည်သူ့ကိုမျှ လှောင်ပြောင်ရန် ရည်ရွယ်ချက်မရှိဘဲ ကြက်ဥထမင်းကြော်မှာ အလွန်အရသာရှိနေသည်ကို ခံစားမိသောကြောင့်ဖြစ်သည်။ အသင်းဝင်ကတ်မှာ အနည်းငယ်ဈေးကြီးလွန်းနေသည်သာရှိသည်။
ကြက်ဥထမင်းကြော်ကို ဇိမ်ခံပစ္စည်းဟု ပြောနိုင်သည်။ ယွမ် ၃၀၀ သည် အခြားစားသောက်ဆိုင်များတွင် လူနှစ်ယောက်အတွက် ဟင်းလျာ ၄ မျိုးခန့်စားရန် လုံလောက်သည်။ ဤဆိုင်တွင်တော့ ကြက်ဥထမင်းကြော် တစ်ပန်းကန်သာရလိမ့်မည်။
"အိုး မြတ်စွာဘုရား မန်ဘာကတ်တစ်ကတ်ကို ယွမ်တစ်သန်းတောင်လား။ အရမ်း ဈေးကြီးတာပဲ"
စွန်းဒေါင်ဟမ်၏နံဘေးရှိ အမျိုးသမီးသည် ပါးစပ်ကိုဟ၍ လျန်မုန့်ချီတို့ဘက်သို့လှမ်းကြည့်လိုက်သည်။
"ဒါဆို သူတို့လေးယောက်လုံးက ဒီမှာ အဖွဲဝင်တွေပေါ့"
"အရမ်းချမ်းသာတာပဲ၊ တစ်သန်းတန် မန်ဘာကတ်ကို မတုံ့မဆိုင်းဝယ်ကြတယ်။ အရမ်းမိုက်တာပဲ"
"ကြက်ဥထမင်းကြော်က အရမ်းအရသာရှိနေတာ၊ ဖက်ထုပ်တွေကလည်း သေချာပေါက် အရသာရှိရမယ်"
"အိုး မဟုတ်သေးဘူး၊ ဒီစားသောက်ဆိုင်က အရမ်းထူးခြားတယ်။ ဒီလို အရသာရှိတဲ့အစားအသောက်တွေကို အဖွဲ့ဝင်တွေပဲ ခံစားခွင့်ရှိတာ စိတ်မကောင်းစရာပဲ"
"..."
အမျိုးသမီး၏အကြင်နာမဲ့စကားများသည် ကြားလိုက်ရသော စွန်းဒုန်ဟမ်အတွက် နှလုံးသားထဲတွင် ရစ်ဝဲနေသည်။
အထူးသဖြင့် သူနှင့်အီစိကလီကောင်မလေးရှေ့တွင် ခပ်မိုက်မိုက်ဟန်ရေးထုတ်ရသည်ကို သဘောကျပေသည်။ သူ၏ခွန်အားကို ထုတ်ပြနိုင်ပါက စိတ်ကူးယဉ်ဆန်သည့် ညတစ်ညကို ခံစားနိုင်ပေမည်။
ВЫ ЧИТАЕТЕ
အင်မော်တယ်ဖေဖေ Part 1 (စာစဉ် ၁ မှ ၁၃ အထိ)
Любовные романыGodly Stay-Home Dad Author -Shan Wang Zhang အင်မော်တယ်ဖေဖေ ဘာသာပြန် - K Eros ဘာသာပြန်နှုန်း - တစ်ရက် ၂ ပိုင်း or ၃ ပိုင်း Facebook Page 👇👇 https://www.facebook.com/daddyzhanghan Review 👇👇 https://m.facebook.com/story.php?story_fbid=1145765672877...
