အပိုင်း(၁၄၃) ကျန်းလီ၏သတိပေးမှု
အကျဉ်းချုပ်ရသော် ပီရာဆန်သည် မည်သို့ပင် တွေးနေပါစေ အဖွဲ့ဝင်မဟုတ်သည့် သာမန်အဖွဲ့ဝင်များသည်တော့ မွှေးပျံ့သည့် ခေါက်ဆွဲပြုတ်နှင့် ကြက်ဥထမင်းကြော်မှာ ပုံမှန်အတိုင်းမွှေးပျံ့နေသော်လည်း အနည်းငယ် ဝမ်းနည်းနေကြရသည်။
သူတို့က ကြက်ဥထမင်းကြော်ကိုသာ စားနေရပြီး အနားရှိ အရသာရှိသည့် ဟင်းလျာများကို စားခွင့်မရသည့်အပြင် လူတစ်ယောက်ကလည်း ဘေးမှာလာကာ အစားအသောက်များက ဘယ်လောက်အရသာရှိကြောင်း မွှေးပျံ့ကြောင်း ပြောနေသည်က တကယ့်ကို ငရဲပင်။
ရလဒ်အနေဖြင့် ယနေ့၏ပထမဆုံး ထိုင်ခုံရသည့် စားသုံးသူအုပ်စုမှာ ဆိုးရွှားလှသည့် ထမင်းစားပွဲကို တွေ့ကြုံလိုက်ရသည်။
သူတို့အသားစားခါနီးအချိန်တွင် သာမန်စားသုံးသူများသည် ပုံမှန်အတိုင်း ကြက်ဥထမင်းကြော်နှင့် ခေါက်ဆွဲပြုတ်ကိုသာ စားကြတော့သည်။
ညစာစားပြီးနောက်တွင် စားသောက်ဆိုင်မှာ တိတ်ဆိတ်သွားပြန်သည်။ ကျန်းလီနှင့်ကျိုးဖေးတို့သည် စားသောက်ဆိုင်ကို သန့်ရှင်းရေးလုပ်လိုက်ကြပြီး ဒုတိယထပ်တွင် ခဏစကားပြောကြသည်။ ထိုနောက်တွင် ကျန်းလီနှင့် လီအန်နာတို့ အိမ်ပြန်လာခဲ့ကြ၏။
ဇီယန်သည် ယွမ်ရင်ဥယျာဉ်သို့ ပြန်ချင်ခဲ့သည်။ ထို့ကြောင့် မုန့်မုန့်၏ခွင့်ပြုချက်ဖြင့် သူတို့သည် အရှေ့ပိုင်းခရိုင်သို့ ဦးတည်ထွက်ခွာခဲ့ကြ၏။ ကျန်းဟန်သည် ဇီယန်နှင့် မုန့်မုန့်ကို ခေါ်ကာ ကျိုးဖေးသည်တော့ မာစီးဒီးကားကို သူမတစ်ယောက်တည်း မောင်းလာခဲ့သည်။
ဇီယန်နှင့် မုန့်မုန့် သူမ၏ကားထဲတွင် မပါသဖြင့် ရေပန်းစားနေသည့် သီချင်းများကို လွတ်လွတ်လပ်လပ် ဖွင့်လာခဲ့သည်။ ရေဒီယိုကို ဖွင့်လိုက်သည်နှင့် သူမ တစ်ခါမှ နားမထောင်ဖူးသည့် သီချင်းတစ်ပုဒ် ထွက်ပေါ်လာသည်။
"ပျော်ရွှင်ခြင်းလမ်းမထက်မှာ လက်ကိုတွဲကာ လျှောက်လှမ်းရင်း... လေပြေညှင်းတွေ တဖြည်းဖြည်းတိုက်ခတ်လို့... တစ်ယောက်လက်ကို တစ်ယောက် ဆုပ်ကိုင်ထားရင်း...မျက်ဝန်းထဲမှာ ချစ်ခြင်းအပြည့်နဲ့..."(9420)
ВЫ ЧИТАЕТЕ
အင်မော်တယ်ဖေဖေ Part 1 (စာစဉ် ၁ မှ ၁၃ အထိ)
Любовные романыGodly Stay-Home Dad Author -Shan Wang Zhang အင်မော်တယ်ဖေဖေ ဘာသာပြန် - K Eros ဘာသာပြန်နှုန်း - တစ်ရက် ၂ ပိုင်း or ၃ ပိုင်း Facebook Page 👇👇 https://www.facebook.com/daddyzhanghan Review 👇👇 https://m.facebook.com/story.php?story_fbid=1145765672877...
