အပိုင်း(၄၂)

769 62 0
                                        

အပိုင်း (၄၂) စားသုံးသူ၏စိတ်နှလုံးကိုသိမ်းပိုက်ခြင်း

ဝမ်လုံ၏ ကြက်ဥထမင်းကြော်နှင့် ဤကြက်ဥထမင်းကြော်ကို ယှဉ်ရလျှင် မြေကြီးနှင့် ကောင်းကင် ကဲ့သို့ပင် တကယ်ကို ကွာခြားလွန်းလှသည်။

အလုတ်အနည်းငယ်စားပြီးနောက် လျန်မုန့်ချီသည် ဘေးနားရှိ တူကို ကိုင်၍ ထမင်းစေ့တစ်စေ့ကို ကောက်ယူကာ သေချာဂရုတစိုက်ကြည့်လိုက်သည်။

ထမင်းစေ့သည် နှင်းကဲ့သို့ ဖြူဖွေးနေသည်။ ထမင်းစေ့၏ ခိုင်ခံမှုက သူမကို ထပ်လဲလဲ အံဩသွားစေသည်။

ထိုင်းဆန်ကို နှစ် ၁၀၀ အခြောက်လှန်းလျှင်ပင် သူ၏ဆန်ကိုမယှဉ်နိုင်ဟူသော သူဌေးပြောသည့်စကားသည် အမှန်ဖြစ်ဟန်တူသည်။

ခဏအကြာတွင် သူမ ကြက်ဥတုံးလေးကို ကောက်ကိုင်ပြီး အရသာခံလိုက်သည်။ ကြက်ဥကို မြည်းစမ်းကြည့်သည့်အခါတွင် ယခင်က ကြက်ဥကို တစ်ခါမှ မစားဖူးခဲ့သည့်အလား ခံစားချက်ကို ပေးစွမ်းသည်။

မုန်လာဥနီတုံးကို မြည်းစမ်းကြည့်သည့်အခါမှ သူမသည် နောက်ဆုံးတွင် လက်ရှိအခြေအနေကို သတိပြန်ရလာသည်။

"ဒီမုန်လာဥနီကမှ ငါစားဖူးတဲ့ မုန်လာဥနီအစစ်ပဲ"

လျန်မုန့်ချီ၏အကြည့်များသည် အနည်းငယ်မှင်တက်သွားကာ နောက်ဆုံးတွင် သူမ ရင်းနီးသည့်အရသာကို တွေ့ရှိခံစားစေခဲ့သည်။ မှန်ပေသည်။ ထိုမုန်လာဥနီမှာ လခြမ်းတောင်မှမဟုတ်ဘဲ စူပါမားကတ်မှ ဝယ်လာခဲ့ခြင်းပင်ဖြစ်သည်။

"ဒီထမင်းကြော်က တကယ်ကို ယွမ် ၅ သောင်းတန်တယ်။ သူဌေးက ယွမ် ၂၈၀ နဲ့ပဲရောင်းတာဆိုတော့ တကယ်ကို စေတနာကောင်းတဲ့စီးပွားရေးသမားပဲ"

လျန်မုန့်ချီသည် အနည်းငယ်သက်ပြင်းချလိုက်သည်။ သူမသည် ရုတ်တရက် ကောင်မလေး ၂ ယောက်ကို တွေးမိသွား ၏။ ကြက်ဥထမင်းကြော်၏အရသာကိုသာ သိပါက စားသောက်ဆိုင်ထဲမှ ထွက်သွားမိသည်ကို သူတို့ နောင်တရနေမည်ဖြစ်သည်။

လျန်မုန့်ချီသည် ကြက်ဥထမင်းကြော်ကို တစ်လုတ်ပြီးတစ်လုတ်စတင်စားတော့သည်။ စားနေရင်းနှင့် အရာအားလုံးကို တဖြည်းဖြည်းမေ့လျော့သွားခဲ့သည်။ သူမ၏မျက်လုံးထဲတွင် ကြက်ဥထမင်းကြော်သာ ရှိတော့သည်။

အင်မော်တယ်ဖေဖေ Part 1 (စာစဉ် ၁ မှ ၁၃ အထိ)Место, где живут истории. Откройте их для себя