အပိုင်း(၅၃) မနာလိုအားကျခြင်း
ငါဘယ်တော့မှများ ဒီလိုဘဝမျိုးနဲ့နေနိုင်မလဲမသိဘူး...
ကျောက်ဖုန်းသည် အနည်းငယ် စိတ်ပျက်သွားပြီး ကျန်းဟန်နှင့် မုန့်မုန့်ကို ကြည့်ရင်း သူ၏မျက်လုံးများမှာ အားကျနေလေသည်။
သူသည် လွန်ခဲ့သည့် ၂ နှစ်တာကာလအတွင်း မရပ်မနား တိုက်ခိုက်နေခဲ့ရသည်။ သူ၏ "အရူး" ဆိုသည့် နာမည်ပြောင်ဖြစ်လာရသည့် အကြောင်းအရင်းမှာ ဤအရူးကို အနိုင်ယူနိုင်ရန် လူပေါင်းများစွာ၏ သွေးများကို ရင်းနှီးရသောကြောင့်ဖြစ်သည်။
တစ်ချိန်တည်းမှာပင် အင်အားကြီးသူပြိုင်ဘက်များနှင့်တွေ့ပြီး ဒဏ်ရာအပြင်းအထန်ရရှိခြင်းကို ရှောင်လွှဲ၍မရပေ။ သို့သော်လည်း သူသည် သူ၏ ရက်စက်မှုကို အားကိုးကာ ရပ်တည်နေနိုင်သေးသည်။
အထူးသဖြင့် မြေအောက်လောကရှိ လူများကို တုန်လှုပ်သွားစေသည့် အကြောင်းအရင်းတစ်ခုရှိသည်။ ၎င်းမှာ အမှန်တရားကိုပြောခြင်းဖြစ်သည်။
သို့သော် တကယ်တမ်း ရက်စက်ကြမ်းကြုတ်မှုမှာ အနည်းငယ်သာရှိပြီး ကျောက်ဖုန်းသည် တိုက်ခိုက် သတ်ဖြတ်ခြင်းကို မနှစ်သက်ပေ။ ယခုအချိန်တွင် ကျန်းဟန်ကိုတွေ့ပြီးနောက် အေးချမ်းသည့်ဘဝတစ်ခုကို တောင့်တသည့်စိတ် သူ၏နှလုံးသားထဲတွင် ပေါ်လာသည်။
ထန်ကျန့်နဲ့ပြဿနာကို ဖြေရှင်းပြီးရင်တော့ ငါအနားယူလို့ရပြီ။ ဇနီးတစ်ယောက်ရှာ ကလေးတစ်ယောက်ယူပြီးတော့ ငါ့ရဲ့ဘဝကို ဆိုင်ရှင်လိုမျိုးပဲ မြို့ထဲမှာ အေးအေးချမ်းချမ်းနေရရင် အရမ်းကောင်းမယ်
ကျောက်ဖုန်းသည် သူ၏စိတ်ထဲတွင် ရေရွတ်လိုက်ပြီး ရည်းစားဟူသော စကားလုံးကို တွေးမိသည့်အခါ သူ၏အကြည့်များက လျန်မုန့်ချီထံသို့ မသိစိတ်ဖြင့် လှည့်ကြည့်မိသွားသည်။
သူမတွင် ဘဲဥပုံမျက်နှာ၊ မျက်လုံးဝိုင်းဝိုင်းများ၊ ဆံပင်ရှည်ရှည် ၊ ကြင်နာတတ်သည့်နှလုံးသား၊ တက်ကြွသည့် ကိုယ်ရည်ကိုယ်သွေးနှင့် ထက်မြက်သည့် ပုံစံရှိသည်။ သို့သော် ရဲရင့်သတ္တိရှိသော မိန်းကလေးနှင့် ရင်ဆိုင်ရသည့်အခါ ထိုအခြေအနေများအားလုံးသည် ကျောက်ဖုန်းနှစ်သက်သည့်ပုံစံဖြစ်သည်။
ВЫ ЧИТАЕТЕ
အင်မော်တယ်ဖေဖေ Part 1 (စာစဉ် ၁ မှ ၁၃ အထိ)
Любовные романыGodly Stay-Home Dad Author -Shan Wang Zhang အင်မော်တယ်ဖေဖေ ဘာသာပြန် - K Eros ဘာသာပြန်နှုန်း - တစ်ရက် ၂ ပိုင်း or ၃ ပိုင်း Facebook Page 👇👇 https://www.facebook.com/daddyzhanghan Review 👇👇 https://m.facebook.com/story.php?story_fbid=1145765672877...
