အပိုင်း(၈၂)
(TL Note – Obsidian Crystal အော့ဘ်စီဒီယမ်သလင်းကျောက်ကို အိုစီသလင်းကျောက်လို့ အစားထိုးသုံးသွားပါမယ်။ မှတ်လို့လည်းလွယ်အောင် ဖတ်လို့လည်းကောင်းအောင်ပါ။ Obsidian ဆိုတာ သလင်းကျောက်လိုမျိုး ဖောက်ထွင်းမြင်နိုင်တဲ့ကျောက်တုံးကိုမှ အရောင်က နက်မှောင်နေတဲ့ကျောက်အမျိုးအစားပါ ရှေ့မှာလည်း ရှင်းခဲ့ဖူးပါတယ်)
အိုစီသလင်းကျောက်မှာ ကျန်းဟန်အား ကျင့်ကြံခြင်းတွင် အကူအညီပေးနိုင်သည်။ ဤကဲ့သို့သော အပိုင်းသေးသေးလေးနှင့် ကျန်းဟန်အား ချီသန့်စင်ခြင်းအလယ်အဆင့်သို့ ချိုးဖြတ်ရန် မကူညီနိုင်သော်လည်း သူ၏ခွန်အားကို အနည်းဆုံး ၃၀ ရာနှုန်း တိုးလာစေရန် ကူညီပေးနိုင်သည်။ သို့သော်လည်း ကျန်းဟန်သည် ၎င်းကို ကျင့်ကြံခြင်းအတွက် အသုံးပြုရန် ရည်ရွယ်ချက်မရှိပေ။ ၎င်းကို ပို၍ အသုံးကျသည့်နေရာတွင် သုံးနိုင်သေးသည်။
ယန်မိုးကြိုးသစ်ပင်ရှိ မီးကျောက်စိမ်းနှင်းစက်ကို မှတ်မိကြဦးမည်ထင်ပါသည်။
ပထမအဆင့်စိတ်ဝိဉာဉ်ရတနာမှာ ဒုတိယအဆင့်စိတ်ဝိဉာဉ်ရတနာဖြစ်လာရန် နီးစပ်ပြီး စုပ်ယူနိုင်စွမ်းလည်းရှိသော်လည်း၎င်းမှာ အလွန်ပြင်းထန်သည့်နာကျင်မှုကို တောင့်ခံနိုင်မှုရှိရမည်ဖြစ်သည်။ အဓိကအားဖြင့် ခန္ဓာကိုယ်ကြံ့ခိုင်မှုနှင့် ခွန်းအားကို တိုးလာစေမည်ဖြစ်သည်။
အိုစီသလင်းကျောက်မှာ မီးကျောက်စိမ်းနှင်းစက်ကို အလွန်ကောင်းမွန်သည့်ရတနာတစ်ခု ဖြစ်လာစေရန် ပြုလုပ်နိုင်မည်ဖြစ်သည်။ တစ်ခုသိထားရမည်မှာ ပဉ္စမအဆင့်စိတ်ဝိဉာဉ်ရတနာဖြစ်သည့် ယန်မိုးကြိုးသစ်ပင်မှလွဲ၍ ကျန်းဟန်တွင် ဒုတိယအဆင့်စိတ်ဝိဉာဉ်ရတနာဖြစ်သည့် ယွမ်ချင်သစ်ပင်နှင့် ထိုယွမ်ချင်သစ်ပင်မှအပ ကျန်သည့်အရာများအားလုံးမှာ အဆင့်၁ စိတ်ဝိဉာဉ်ရတနာများသာရှိသည်။
သူပထမက ကမ္ဘာမြေပေါ်တွင် စိတ်ဝိဉာဉ်ရတာများမှာ အလွန်ရှားပါးသည်ဟု ထင်ခဲ့သည်။ သို့သော်ငြား တိုတောင်းလှသည့်နှစ်ပတ်အတွင်းမှာပင် သူစိတ်ဝိဉာဉ်ရတနာ ၃ ခုပင် ရရှိလိမ့်မည်ဟု ကျန်းဟန် မမျှော်လင့်ထားခဲ့ချေ။
ВЫ ЧИТАЕТЕ
အင်မော်တယ်ဖေဖေ Part 1 (စာစဉ် ၁ မှ ၁၃ အထိ)
Любовные романыGodly Stay-Home Dad Author -Shan Wang Zhang အင်မော်တယ်ဖေဖေ ဘာသာပြန် - K Eros ဘာသာပြန်နှုန်း - တစ်ရက် ၂ ပိုင်း or ၃ ပိုင်း Facebook Page 👇👇 https://www.facebook.com/daddyzhanghan Review 👇👇 https://m.facebook.com/story.php?story_fbid=1145765672877...
