အပိုင်း(၇၇)
ကျန်းလီထွက်လာစဉ်က သူမတွင် ယွမ် ၆ သိန်းသာပါရှိခဲ့သည်။ ခရီးထွက်ပြီးနောက်တွင် သူမ၏ပိုက်ဆံများကုန်သွားခဲ့ပြီး နောက်ဆုံးတွင် သူမ ဟောင်ကောင်သို့ အလုပ်လုပ်ရန် လာခဲ့သည်။
သူမတစ်ယောက်တည်းဖြင့် ကားတစ်စီးဝယ်ရန် ပိုက်ဆံအလုံအလောက်မရှိခဲ့ပေ။
၎င်းကိုမြင်သည့်အခါ ကျန်းဟန်ဘာမှမပြောတော့ဘဲ သူ၏ဖုန်းကိုတန်းထုတ်လိုက်ပြီး စက်မှုပညာရှင်၏နာမည်ကတ်ကိုထုတ်ကြည့်ကာ ဖုန်းခေါ်လိုက်သည်။
"ဟဲလို ဘယ်သူပါလဲခင်ဗျာ?"
ဖုန်းဝင်သွားသည့်အခါ စက်မှုပညာရှင်က အသံခပ်ဩဩဖြင့် မေးသည်။
"ကျွန်တော် လွန်ခဲ့တဲ့နှစ်ရက်က ပန်ဒါကို ဝယ်ခဲ့တဲ့သူပါ"
ကျန်းဟန် ပြန်ပြောလိုက်သည်။
"သြော်...သခင်လေးလား...အင်း...ကားက ပြဿနာတစ်ခုခုများရှိနေလို့လား?"
စက်မှုပညာရှင်၏နွေးထွေးသည့်စကားလုံးများက စိတ်ပူသည့်အရိပ်အယောင်များပါဝင်နေသည်။
"မဟုတ်ပါဘူး..ကျွန်တော် နောက်ကားတစ်စီးဝယ်ချင်လို့ပါ"
ကျန်းဟန် ရိုးရိုးရှင်းရှင်း ပြောသည်။
"နောက်တစ်စီးဝယ်မှာလား?"
စက်မှုပညာရှင်၏အသံမှာ အံ့ဩဝမ်းသာသွားပြီး ထပ်မေးလိုက်သည်။
"ဘယ်လိုကားအမျိုးအစားကိုများ ဝယ်ချင်တာလဲမသိဘူး သခင်လေး?"
"Maserati GT အဖြူရောင်တစ်စီး။ ခင်ဗျားမှာ လာဖို့အချိန်ရှိရင် လုပ်ထုံးလုပ်နည်းတွေအတိုင်း လာလုပ်ပေးလို့ရမလား? မနက်ဖြန်ကျရင် ကားကို ဒီကိုပဲ မောင်းလာခဲ့လိုက်လေ" ကျန်းဟန် ပြောလိုက်သည်။
Maserati Gt မှ ကျန်းလီ၏အကြိုက်ဆုံးကားဖြစ်သည်။ ကျန်းဟန် ၎င်းကို ကောင်းကောင်းမှတ်မိနေသေးသည်။ ထို့ကြောင့် ကျန်းလီကို သူမမည်သည့်ကားကိုကြိုက်လဲဆိုသည်အား မေးမနေတော့ဘဲ ၎င်းကို တစ်ခါတည်းမှာလိုက်ခြင်းဖြစ်သည်။
"ဟုတ်ကဲ့ပါ ဟုတ်ကဲ့ပါ သခင်လေး။ ကျွန်တော် အဲဒီကို မိနစ်နှစ်ဆယ်အတွင်းအရောက်လာခဲ့ပါ့မယ်"
VOCÊ ESTÁ LENDO
အင်မော်တယ်ဖေဖေ Part 1 (စာစဉ် ၁ မှ ၁၃ အထိ)
RomanceGodly Stay-Home Dad Author -Shan Wang Zhang အင်မော်တယ်ဖေဖေ ဘာသာပြန် - K Eros ဘာသာပြန်နှုန်း - တစ်ရက် ၂ ပိုင်း or ၃ ပိုင်း Facebook Page 👇👇 https://www.facebook.com/daddyzhanghan Review 👇👇 https://m.facebook.com/story.php?story_fbid=1145765672877...
