အပိုင်း( ၆၈)
ထိုနှစ်များတွင် သူအပြင်ထွက်ချင်သည့်အချိန်တိုင်း ဟန်ယန်အင်မော်တယ်ဧကရာဇ်၏စီးတော်ယာဉ် နဂါးကိုးကောင်စစ်ရထားကို စီးခဲ့သည်။ နဂါးကိုးကောင်စစ်ရထားသည် ကျင့်ကြံခြင်းကမ္ဘာတွင် တန်ဖိုးကြီးရတနာတစ်ခုဖြစ်ပြီး သာမန်ကားများနှင့် မည်သို့နှိုင်းယှဉ်နိုင်မည်နည်း။
မတူညီသည့်အမြင်ရှုထောင့်များဖြင့်ဆိုလျှင် ဦးတည်ချက်ပန်းတိုင်များမှာလည်း တူညီမည်ဟုတ်ပေ။ Lamborghini တစ်စီး နှင့် Jetta တစ်စီးကို တွဲ၍ ရပ်ထားလျှင်ပင် ကျန်းဟန်၏မျက်လုံးထဲတွင်တော့ ကားဆိုသည်မှာ ကားများသာဖြစ်ပြီး အတူတူပင်ဖြစ်သည်။
"မုန့်မုန့် ဖေဖေတို့ ကားတစ်စီးအရင်သွားဝယ်ကြရအောင်။ ပြီးမှ ဓာတ်ပုံဘောင် သွားဝယ်ကြမယ်...အိုကေလား?"
ကျန်းဟန်သည် အမြဲတမ်း ပေါ့ပေါ့ပါးပါးဖြင့်ပင် စိတ်ထဲရှိသည့်အတိုင်းလုပ်ချင်ရာ လုပ်တတ်သူဖြစ်ပြီး နောက်ကြည့်မှန်မှတဆင့် မုန့်မုန့်အားကြည့်၍ မေးလိုက်သည်.
"အိုး...အရုပ်ကားသွားဝယ်မှာလား?"
မုန့်မုန့်၏မျက်လုံးများ တောက်ပလာသည်။
"အဲဒါမဟုတ်ဘူးလေ"
ကျန်းဟန် ရယ်ရခက် ငိုရခက်ဖြင့်
"စီးတဲ့ ကားလေ။ အခု ဖေဖေ မောင်းနေတဲ့ ကားမျိုးကို ပြောတာ"
"အိုး"
မုန့်မုန့် ခဏလောက်စဉ်းစားလိုက်ပြီး
"အင်း...ဖေဖေပြောတာ နားထောင်မယ်"
မင်းသမီးလေးသည် ကားမောင်းရသည်ကို သိပ်စိတ်မဝင်စားသော်လည်း ဖေဖေနှင့်အတူတူနေရသရွေ့ အလွန်ပျော်ရွှင်ပေသည်။
"ဒါဆို အရင်ဆုံး ကားသွားဝယ်ကြမယ်"
ကျန်းဟန် မီးနီကို စောင့်ဆိုင်းရင်း သူ၏ဖုန်းကို ထုတ်ကာ Automobile City (ကားမြို့တော်) ၏ တည်နေရာကို ရှာဖွေလိုက်သည်။
Automobile City (ကားမြို့တော်) သည် ကားအရောင်းအဝယ်လုပ်ငန်းနှင့် ကားအမှတ်တံဆိပ်များစွာကို တစ်နေရာတည်းစုစည်းကာ ဗဟိုမှချုပ်ကိုင်ပြီး ကွဲပြားသည့် ရောင်းဝယ်ရေးနေရာတစ်ခုအဖြစ် ဖန်တီးထားသည့် ကားဈေးကွက်တစ်ခုဖြစ်သည်။ ကျယ်ပြန့်သော ရွေးချယ်စရာများ၊ အဆင်ပြေကောင်းမွန်သည့် ဝန်ဆောင်မှု၊ မီစီမံခန့်ခွဲမှုစံနှုန်း၊ ညှိနှိုင်းဆွေးနွေးမှု၊ ကားရွေးချယ်မှု၊ ချေးငွေ၊ အာမခံ၊ ရောင်းဝယ်ခြင်း၊ ဝယ်ယူခြင်း စသည့် အားသာချက်များဖြင့် ကားအမျိုးအစားအမျိုးမျိုးနှင့် အမှတ်တံဆိပ်အမျိုးမျိုးတို့ ရှိသည့်အတွက် ကားတစ်စီးဝယ်ရန် အဆင်ပြေသည့်နေရာဖြစ်သည်။
VOCÊ ESTÁ LENDO
အင်မော်တယ်ဖေဖေ Part 1 (စာစဉ် ၁ မှ ၁၃ အထိ)
RomanceGodly Stay-Home Dad Author -Shan Wang Zhang အင်မော်တယ်ဖေဖေ ဘာသာပြန် - K Eros ဘာသာပြန်နှုန်း - တစ်ရက် ၂ ပိုင်း or ၃ ပိုင်း Facebook Page 👇👇 https://www.facebook.com/daddyzhanghan Review 👇👇 https://m.facebook.com/story.php?story_fbid=1145765672877...
