Chapter (3)

621 53 12
                                        


[အကျွန်ုပ် ပန်ဒိုရာသေတ္တာလေးကို ဖွင့်ပြီး စိတ်ပျက်အားငယ်မှုများကို လွှတ်ပေးလိုက်ပါပြီ.......]

ငါ့ဘက်က ကမ်းပေးထားတဲ့ လက်တစ်ဖက်ကို စုန်ပိုင်လောင် လျစ်လျူရှုထားတယ်....

ဘောင်းဘီအိပ်ကပ်ထဲ လက်တစ်ဖက်ထည့်ထားပုံက သိပ်ကို မောက်မာလွန်းနေသလားလို့......

"မင်း ဒီမှာ ဘာလာလုပ်နေတာလဲ...ငါတို့ မဂ်လာဆောင်ဖို့က နှစ်လလောက်လိုသေးတယ်မလား..."

ငါ့မှာ ဘာလုပ်လို့ ဘာကိုင်ရမယ်မသိ ရှက်ရွံလာတယ်....ဘေးနားမှာသာ တွင်းပေါက်တစ်ခုရှိလို့ကတော့ ကျိုးကျိုး ပဲ့ပဲ့ ဂရုစိုက်မနေတော့ဘဲ ခုန်ဆင်းပစ်လိုက်ချင်တော့တယ်....

"ငါ....."

ငါ့ လည်ချောင်းမှာ တစ်ခုခု ဆို့နေသလိုဖြစ်နေတာကြောင့် သူ့ကိုသာ အကြောင်သား ငေးကြည့်နေလိုက်တော့တယ်.....

တစ်ခါတစ်လေဆို ငါ့ကိုယ်ငါသိပ်မုန်းတာပဲ....ငါ့ရင်ထဲမှာ သုံးစားမရတဲ့ အမှိုက်တွေ အရမ်းများနေတယ်.....တစ်ခုခုပြောချင်လာတိုင်း ဘာကြောင့်များ အလွဲအလွဲအချော်အချော်တွေ ဖြစ်နေရတာလဲ...

ငါ့ဘေးနားက ကောင်လေးကို မြင်လိုက်တော့ စုန်ပိုင်လောင်ရဲ့ မျက်ဝန်းတွေ မှေးကျဉ်းသွားတယ်.........

"စုန်မို....မင်းဘာလို့တစ်ယောက်တည်း ဖြစ်နေတာလဲ....မင်းရဲ့ နာနီရော....."

မျက်မှောင်ကြုံ့ထားတာကြောင့် စုန်ပိုင်လောင်ရဲ့အမူအရာက နည်းနည်းတော့ ဆိုးဝါးနေတယ်.....

စုန်မို့ကို ကြည့်ရတာ စုန်ပိုင်လောင်ကို ကြောက်နေပုံရတယ်....အဖေဖြစ်သူကိုတွေ့ရလို့ ပျော်မသွားတဲ့အပြင် ငါ့နောက်မှာတောင် ကိုယ်လေး ကြုံ့ပြီး ပုန်းနေလိုက်သေးတယ်....

"ငါ သူ့ကို ကုန်တိုက်ထဲမှာတွေ့ခဲ့တာ..."

ငါလဲ ကပျာကယာ ဖုန်းထုတ်ပြီး ဖုန်းခေါ်ထားတာကို ပြလိုက်တယ်.....

"သူ ငါ့ကို  ဖုန်းနံပါတ်တစ်ခုပေးတယ်...ခေါ်ကြည့်လိုက်တော့ ငါ့ကို လူလိမ်ထင်ပြီး ဖုန်းချသွားတယ်....ငါ မင်း အရှေ့မှာပေါ်လာဖို့ မရည်ရွယ်ခဲ့ပါဘူး...."

Yayımlanan bölümlerin sonuna geldiniz.

⏰ Son güncelleme: Mar 22, 2022 ⏰

Yeni bölümlerden haberdar olmak için bu hikayeyi Kütüphanenize ekleyin!

A wound in my heartHikayelerin yaşadığı yer. Şimdi keşfedin