၆. O

1.1K 175 3
                                    

မောင်တစ်ယောက်ထဲကိုပဲ

ချစ်သူသက်တမ်း နှစ်လခွဲကျော်။

"အစ်ကို ကျွန်တော့ဖုန်းတွေကို မကိုင်ဘူး"

သူ့ဖုန်းကောလ်တွေကို လျစ်လျူရှု့‌ထားပေမယ့် တွေ့နေကြခုံတန်းလေးဆီမှာတော့ အစ်ကိုဟာ မပျက်မကွက်ရှိနေတတ်ပါသည်။

"အစ်ကို... " 

တခြားကိုအာရုံလွှင့်နေသော အစ်ကိုသည် သူ့ခေါ်သံအား အခုထိတိုင် မတုံ့ပြန်သေး။ ဖွင့်လက်စ,စာအုပ်လေးမှာလည်း အစ်ကို့အာရုံတို့က ရှိမနေ။ ထိုသနားစဖွယ်စာအုပ်လေးအား ဂျောင်ကု အစ်ကို့လက်ထဲမှဆွဲယူလေတော့ အစ်ကို့အသိတို့သည် လက်ရှိဆီသို့ ပြန်လည်လာသည်။

"ဂျောင်ကု..."

"အွန်း အစ်ကိုမှာ စိတ်ညစ်စရာတွေရှိနေတာလား"
လက်ထဲမှ မနက်စာအတွက်ပြင်ဆင်လာပေးသော ဆန်းဝှစ်ထ်လေးကို အစ်ကို့နှုတ်ခမ်းနားဆီသို့ တိုး‌ကပ်ပေးလိုက်သည်။ အစ်ကိုဟာ မတုံ့ပြန်လာ။ သူ့ကိုသာ တွေတွေလေး စိုက်ကြည့်နေသည်။

"တခြားတစ်ခုကို စားချင်လို့လား ကျွန်တော်သွားဝယ်ပေးမယ်လေ"

"ဟင့်အင်း"

အရှေ့သို့သာ ပြန်လှည့်သွားသော အစ်ကို။ ရစ်ဝဲလာသော မျက်အိမ်တို့မှာ သူ့အားရင်နာစေသည်။ အစ်ကိုဟာ ခုအချိန်ထိ သူ့အတွက် ရင်ခွင်တံခါးကို အပြည့်အဝမဖွင့်ပေးသေးပေ။ အစ်ကို့စိတ်အခန်းလေးဆီကို သူ ဖြေးဖြေးချင်းသာ သွားနေပေမယ့် တစ်ခါလေးမှ စိတ်ဓာတ်မကျမိပါဘူးလို့ပြောရင် သူ လိမ်ရာကျမှာပေါ့။ သူ သက်ပြင်းတစ်ချက်သာ ချမိသည်။

"ငါ့ကို စိတ်ကုန်နေပြီလား မောင်"

ဒါဟာ အစ်ကို့ရဲ့ လက်နက်။ သူတောင်းဆိုချင်တာရှိမှသာ အစ်ကိုသုံးနှုန်းပေးတာကို ခံရသော နာမ်စားလေး။ ဂျောင်ကု သူ့ခေါင်းကိုသူ ထိုးဖွပစ်လိုက်မိသည်။ ခုံတန်းလေးဆီမှလည်း သူ ထ,ရပ်ကာ အစ်ကို့အား အထက်စီးမှ အုပ်မိုးကြည့်လိုက်သည်။

"မဟုတ်ပါဘူးအစ်ကိုရဲ့ ဘာလို့အဲ့လိုမဟုတ်တာတွေပဲ အမြဲတွေးနေရတာလဲ ကျွန်တော်အစ်ကို့ကို ဘယ်လောက်ထိချစ်သလဲဆိုတာ အစ်ကို အခုထိမမြင်သေးဘူးလား"   အစ်ကိုဟာ သူ့အား မော့၍ပင်ကြည့်မလာ။

♡ ONLY YOU ♡  [Completed]Where stories live. Discover now