၇. U

1.4K 174 18
                                    


ချစ်သူသက်တမ်း ငါးနှစ်ကျော်၊ ဂျုံးဂျောင်ကု၏ ဘွဲ့နှင်းသဘင်အခမ်းအနားနေ့။

"ဟေး...ဂျောင်ကု"

"ဟာ စီနီယာကော လာတာလား"

"ဒါပေါ့ကွ ပတ်ခ်ဂျီမင်းကို တွေ့နိုင်မယ့်အခွင့်ရေးလေးပဲ လွတ်သွားလို့ဖြစ်မလား"

သူ မျက်နှာအနည်းငယ် တည်တင်းသွားသည်။ စီနီယာက အစ်ကို့အကြောင်းကို သေချာပြောပြပေးခဲ့တဲ့သူဖြစ်လို့ ကျေးဇူးတင်ပေမယ့် အစ်ကို့နှင့်ပတ်သက်ပြီး သူ့အား စ,နောက်လေတိုင်း နည်းနည်းလေးမှ သူမကြိုက်ချေ။ အကြောင်းပြချက်ကတော့ ရှင်းရှင်းလေးဖြစ်သည်။ ထိုစီနီယာသည် 'ပတ်ခ်ဂျီမင်း၏ အမာခံပရိတ်သတ်ကြီး'ပေ။

အစ်ကိုနှင့်ချစ်သူသက်တမ်းကြာရှည်လာသည်နှင့်အမျှ စီနီယာနှင့်တွေ့‌သည့်အချိန်တိုင်း မျက်လုံးရွဲကြီးများဖြင့် သူ့အားဘယ်လောက်အားကျကြောင်း၊ ပတ်ခ်ဂျီမင်းကို ပြောင်းလဲပေးခဲ့လို့ ကျေးဇူးအရမ်းတင်ကြောင်း၊ ပတ်ခ်ဂျီမင်းအပေါ် ဆက်ပြီးအလေးနက်ထား‌ပေးပါရန် ‌မေတ္တာရပ်ခံကြောင်းနှင့် တစ်ခါတလေဆို သူ(စီနီယာ)လည်း ဂျောင်ကုလို စိတ်မျိုးထားပြီး ပတ်ခ်ဂျီမင်းကို ပျော်ရွှင်အောင်လုပ်ပေးချင်ကြောင်း တိုးတိုးလေးငြီးတတ်သေးသည်။ သူ့ချစ်သူကို သူ့ဘာသာချစ်လွန်းလို့ ဖူးဖူးမှုတ်ထားရင်တောင် သူတောင်းဆိုထားလို့ပါဆိုပြီး အသားယူကာ စ,နောက်တတ်သေးသည်။ ကဲ‌ပြော.. ‌ဂျုံးဂျောင်ကုတို့ လွန်သလား။

သူကသာ စ,နောက်ချင်တာ သူ့အားလာစ,နောက်ရင် လုံးဝမကြိုက်။

"ရုပ်ကြီးကလဲကွာ စ,တာပါ စ,တာဟုတ်ပြီလားငါ့ညီမဆီ ငါလာတာပါကွ"

စီနီယာပြောမှ စီနီယာ့ညီမအား သူ သတိရသည်။ သို့ပေမယ့် မကျေနပ်တာက မကျေနပ်တာပဲဆိုတော့ မချိပြုံးကြီးနှင့်သာ သူပြုံးပြလိုက်သည်။

"တတ်လည်းတတ်နိုင်တဲ့ကောင်! ထားပါ ဒါနဲ့ဂျီမင်းကော"

"ကျွန်တော်ရေဆာနေမှန်းသိလို့ ကိုကိုက ရေသွားဝယ်တယ်လေ"

ကဲ သူ့ရှေ့လာပြီးသူ့ချစ်သူကို တဖွဖွမေးနေဦး။ ကိုကိုလို့ဆိုပြီး ဆက်တိုက်ကိုခေါ်ပစ်လိုက်ဦးမယ်။ အစ်ကိုက သူ့အပိုင်၊ သူတစ်ဦးတည်းရဲ့အပိုင်။ ပြီးတော့ ပတ်ခ်ဂျီမင်းကလည်း သူတစ်ဦးတည်းကိုသာ အချစ်ဆုံး။

♡ ONLY YOU ♡  [Completed]Where stories live. Discover now