ညီလေး ထွက်သွားပေးလို့ရမလား
ချစ်သူသက်တမ်း တစ်လပြည့်။....။
"အစ်ကို!"
သူ လှမ်းခေါ်လိုက်တော့ အစ်ကိုဟာ ချယ်ရီတန်းလေးအောက်မှနေ၍ သူ့အား လက်ကိုဝှေ့ပြလာသည်။
"အစ်ကို စောင့်နေရတာကြာသွားလားဟင် ကျွန်တော် စောပြီးထွက်လာတာတောင် လာခါနီးမှ ဆရာခေါ်ခိုင်းလိုက်တယ်ဆိုပြီး ဟိုကောင်တွေကျပ်လွှတ်လိုက်တာ အဲ့ဒါ ကျောင်းကို နှစ်ပတ်လောက်ပတ်လိုက်ရတယ်"
သူကသာ စကားအရှည်ကြီးဖြင့် ရှင်းပြနေပေမယ့် အစ်ကိုကတော့ သူ့ကိုလှည့်၍ပင်မကြည့်တော့ ထိုနေရာ ထ,ထွက်သွားသည်။ ဂျောင်ကု တစ်ကိုယ်တည်းသာ ရယ်လိုက်မိသည်။ အခုဆို သူ့အပေါ်မှာအစ်ကိုဟာ စိတ်ဆိုး၊စိတ်ကောက်နေတတ်ပြီ။ တော်သေးတာပေါ့ သူ့အပေါ်မှာသာ အစ်ကိုကဆိုးနေလို့။ ဒီလောက်ချစ်ဖို့ကောင်းတာ ခဏဏဆိုးအောင် သူ့မှာကြံဖန်ရသည်က အမော။
"ကျွန်တော့ကိုစောင့်ပါဦး ဂျောင်ကုရဲ့ချစ်သူလေးရ!!"
သူ့အသံက သာမန်ထက်ကို အတော်ကျယ်သွားပါသည်။ ချက်ချင်းပင် သူ့ဆီသို့ အပြေးလေးရောက်လာပြီး လက်တစ်ဖက်ဖြင့် သူ့ပါးစပ်အား လာ၍အုပ်လေသည်။
"တိုးတိုး... လူတွေအများကြီးလေ"
ထိုလက်ကလေးအား ဆွဲဖယ်ယူရင်း တစ်ချက်မွှေးကြူလိုက်သည်။
"အစ်ကို့က ကျွန်တော်အပိုင်ဆိုတာ မသိတဲ့သူရှိသေးလို့လား...."
"အဲ့လိုက မရှိပေမယ့်... "
"ဘာမရှိပေမယ့်လဲ အစ်ကိုနော် ကျွန်တော့ကိုဘေးမှာထားပြီး ဆင်ဂယ်လ်လုပ်ချင်နေသေးတာလား"
အစ်ကိုမှာ သူ့ကိုမနိုင်ဘူးဆိုသည့်သဘောဖြင့်သာ ခေါင်းကိုခါရင်း တစ်ဖက်သို့ပြန်လှည့်သွားသည်။ သူတစ်ယောက်ထဲသာ ရယ်ရင်းအနောက်မှာ ကျန်ခဲ့သည်။
"ဂျုံးဂျောင်ကုရဲ့ကောင်လေးရေ...."
အစ်ကို့အား အနောက်မှသိုင်းဖက်ကာ အစ်ကို့ပခုံးပေါ် မေးလေးပင့်တင်ရင်း ချွဲနွဲ့ပြလိုက်သည်။