၄. Y

1.1K 177 4
                                    

တစ်ချက်ပြီး တစ်ချက်

ချစ်သူသက်တမ်း လေးရက်မြောက်‌နေ့.....။    

"ဂျောင်ကု အစောကြီးရှိသေးတယ် သွားတော့မလို့လားကွ"

"ဟုတ် စီနီယာရေ အစ်ကိုတစ်ယောက်ထဲ ပျင်းနေလိမ့်မယ်"

"မင်းကိုတော့ လက်လန်တယ်ကွာ သွား သွား"

အဆောင်အခန်းတူကျသည့် စီနီယာမှာ အကြောင်းသိသူပီပီ သူ့အား စ,နောက်လာသည်မို့ ခေါင်းလေးကိုကုတ်ရင်း သူ့မှာ အစ,နောက်ခံရသေးသည်။ ထပ်နေလျှင် ပိုဆိုးနေမည်စိုး၍ သူ့မှာ အပြေးတစ်ပိုင်း အဆောင်မှထွက်လာခဲ့လိုက်သည်။

"အစ်ကို!" 

အစ်ကိုဟာ ပုံမှန်အတိုင်းလေး သူ့အား လှည့်ပြုံးပြသည်။ ခုံတန်းလေးရှိလွတ်ရာနေရာ အစ်ကိုဘေးနားလေးသို့ တိုးဝင်ထိုင်လိုက်ရင်း ဝယ်လာသောမုန့်တွေကို အစ်ကို့မနက်စာအဖြစ်သူပြင်ပေးလိုက်သည်။ အစ်ကိုဟာလည်း အဆောင်နေကျောင်းသားမို့ သီးသီးသန့်သန့်မဟုတ်ဘဲ မနက်စာကို ကြုံသလိုစားတတ်သည့် အဆိုးပေလေးတစ်ယောက်ဖြစ်ပါသေးသည်။ ဒါဟာ သူဂရုစိုက်ပေးရသည့် ပထမဆုံးအချက်။

"ရပြီ...ဘာဂါအရင်စားလိုက်နော်"

ပါးစပ်ကသာ ပြောနေပေမယ့် အစ်ကို့နှုတ်ခမ်းနားသို့ ဘာဂါလေးအား တိုးပေးလိုက်ပြီးသားပင်။ အစ်ကိုကလည်း အသာတကြည်ပင် သူခွံကျွေးသည့်အတိုင်း ကိုက်စားလိုက်လေသည်။ ဤသည်က အထူးအဆန်းမဟုတ်။ အစ်ကို့အား သူလေ့ကျင့်ပေးထားသည့် အကျင့်လေးတစ်ခု။

"ကော်ဖီ ပူတယ်နော်... ‌ဖြေးဖြေးသောက်"

အစပိုင်းကတော့ ရှက်သည်လား၊ စိတ်အနှောက်ယှက်ဖြစ်သည်လားမသိ အစ်ကိုငြင်းဆန်ပါသေးသည်။ သို့သော် သူဟာဂျောင်ကုပေမို့ ကလေးကိုထမင်းချော့ကျွေးသကဲ့သို့ ချော့တစ်ခါ ချော့တလှည့်နှင့်သာ မရ,ရအောင်ကျွေးခဲ့ရခြင်း။ တစ်ရက်၊နှစ်ရက်ထဲသာ အင်တင်တင်နှင့်စားပေးပြီး နောက်ပိုင်းတော့ မထူးဆန်းတော့သလို အစ်ကိုဟာလည်း သူနှင့်အတူ ပူးပေါင်းလာသည်။

"ကုန်တော့မယ် အာ.... နေ့လည်စာစားချိန်လည်း ကျွန်တော်လာခေါ်မယ်နော် အတန်းထဲက‌ပဲစောင့်နေ"

♡ ONLY YOU ♡  [Completed]Donde viven las historias. Descúbrelo ahora