မင်္ဂလာပါ......Only you လေးဟာ ဒီနှစ်ထဲမှာ ဒုတိယအကြိမ်မိတ်ဆက်ပေးခံရတဲ့ အချစ်လေးပါ။
ဒီအကောင့်လေး ဖြစ်တည်ခဲ့တဲ့အချိန်ကစပြီး complete ဆိုပြီး မရှိခဲ့တဲ့အတွက် ကိုယ့် follower လေးတွေကို အားနာရပါတယ်။ ခုတော့ completeတစ်ပုဒ်ရှိပြီကွလို့ဆိုပြီး ပီတိဖြစ်ရအချိန်လေးပေါ့နော်။
ဇာတ်လမ်းတွေပဲ စ,ပြီး တစ်ခါမှ အဆုံးမသတ်ဖူးဘူးဆိုတော့ နည်းနည်းတော့ အခက်ခဲလေးရှိပါတယ်။ ဇာတ်လမ်းတိုလေးပဲ ဆိုပေမယ့် ကိုယ့်စိတ်ဖြေပေးခဲ့တဲ့ ဆေးလေးဆိုလည်း ဟုတ်ပါတယ်။ ဒီတလော စိတ်ညစ်နေသမျှ စာရေးပါဆိုတဲ့ စာစုတိုလေးတစ်ခုကြောင့် ကိုယ့်ကလေးလေးဖြစ်တည်လာတာပါ။ အမြဲတမ်း drama တွေပဲ ရေးခဲ့ဖူးတဲ့သူဆိုတော့ စိတ်ညစ်နေတဲ့ အချိန်မှာ ဒီလို အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်တည်လာလိမ့်မယ်လို့ကို ကိုယ် မထင်မိခဲ့တာပါ။ စိတ်ညစ်ရင် ဇာတ်ကောင်တွေကို သတ်တတ်တဲ့ အကျင့်လေးရှိပေမယ့် အမြတ်နိုးရဆုံး otp လေးမို့ ပထမဆုံး completeဖြစ်တဲ့ ကလေးလေးမှာ ကိုယ် မသတ်ခဲ့ရက်ပါဘူး။
ဒါကြောင့် အချစ်ဇာတ်လမ်းလေးပဲဆိုပေမယ့် တက်လိုက်,ကျလိုက်နဲ့ ဇာတ်ကွက်လေးတွေကိုသာ အဆိုးဆုံးထားပြီး ပုံဖော်မိခဲ့ပါတယ်။
ဒါပေမယ့် ending ပိုင်းလေးမှာတော့ ကျေနပ်ကြမယ်လို့ ယုံကြည်ပါတယ်။
@EiJm