ဇာတ်လမ်းထဲတွင် မပါဝင်ခဲ့သော....... ။
[၁]
ဂျောင်ကု ဂျီမင်းကိုစတွေ့တဲ့အချိန်မှာ ဂျီမင်းဟာ ဖိုင်နယ်ကျောင်းသားတစ်ယောက်ဖြစ်ပါတယ်။[၂]
သူတို့နှစ်ယောက်ရဲ့ age gap ကတော့ ငါးနှစ်ပါ။[၃]
ဒုတိယနှစ်မှာလည်း ဂျီမင်းက ကျောင်းတစ်နှစ်နားခဲ့ရပါသေးတယ်။[၄]
ဂျီမင်းက အရင်ကတည်းက အေးဆေးတည်ငြိမ်တဲ့ type ပါ။ သူယုံကြည်ရာကိုပဲ သူလုပ်ပြီး အမြဲတမ်း ကိုယ်ကိုယ့်ကိုယ် ယုံကြည်မှုရှိသူတစ်ယောက်ပါ။ ဒေါသထွက်တာကတော့ အရမ်းလွယ်ပါတယ်။ ဒါပေမယ့် ပြဿနာတစ်ခုခုကို ဖြေရှင်းရရင်တော့ ခေါင်းအေးအေးထားတတ်တဲ့သူတစ်ယောက်ပါ။[၅]
ဂျီမင်းရဲ့အတိတ်မှာ အရိပ်မဲတစ်ခု စွန်းထင်းလာစေခဲ့တာကတော့ သူ့စိတ်သူမနိုင်ဘဲ စိတ်လိုက်မာန်ပါလုပ်မိတဲ့ ပထမဆုံးအကြိမ်ပါ။ သည်းမခံနိုင်လောက်အောင် ထိုလူ သူ့ရှေ့မှာဒူးထောက်ပြီး နှောက်ယှက်ခဲ့တာက ပထမဆုံးအကြိမ်မဟုတ်ပါဘူး။ (ဇာတ်လမ်းထဲမှာ အရိပ်အမြွလေးထည့်ထားသေးပါတယ်..မြင်ရဲ့လားမသိဘူး)[၆]
ဂျီမင်း သူ့ကိုဖွင့်ပြောတဲ့သူတိုင်းရဲ့ နာမည်ကို မမှတ်ထားတတ်ပါဘူး။ သူ့ကြောင့် နောက်ထပ်၊ နောက်ထပ်,သူတွေဆိုတဲ့အဖြစ်ကို မဖြစ်စေချင်ခဲ့လို့ ချည်းကပ်လာသူတိုင်းကို လက်ခံပေးခဲ့တာမျိုးပါ။ အချိန်တန်ရင် သူ့အနားက ထွက်ခွာသွားစေတာက သူဖြေရှင်းတဲ့ နည်းလမ်းတစ်ခုပါ။ ပတ်ခ်ဂျီမင်းက လူအများမြင်နေသလို မတုံးအ,ပါဘူး။ သူ့ကိုဖွင့်ပြောသမျှသူတိုင်းက သူ့ကို စ,နောက်နေခဲ့တာလို့ပဲ သဘောထားခဲ့တာပါ။[၇]
ဂျောင်ကုနဲ့ ပထမဆုံးတွေ့ဆုံမှုကသာ သူ့ကို သတိထားနေမိစေတာပါ။ ဂျုံးဂျောင်ကုဆိုတဲ့နာမည်ကိုလည်း ဂျောင်ကုတို့အတန်းထဲက သူနဲ့အသိကျောင်းသူတစ်ယောက်ကို မေးမြန်းခဲ့တာပါ။ ဘာလို့ဆို ဂျောင်ကု သူကိုယ်သူမိတ်ဆက်ပေးခဲ့တဲ့အချိန်က သူသတိမထားမိခဲ့လို့ပါ။ (ဒါကတော့ ဂျောင်ကုတစ်ယောက် ဘယ်တော့မှသိနိုင်မှာမဟုတ်တဲ့ လျှိုဝှက်ချက်လေးပါ :,-)[၈]
ဂျောင်ကုကို သူ့အနားရှိစေတာကလည်း ဂျီမင်းရဲ့ အသုံးချခြင်းတစ်မျိုးပါ။ အကြောင်းကတော့ လူတစ်ယောက်နှင့်အတူရှိသည့်အချိန် ဂျောင်ကုက ပထမဆုံးအကြိမ် သူ့ကိုသက်တောင့်သက်သာရှိစေသူမို့ပါ။ နောက်ထပ် ပြဿနာတွေကိုရော ရှင်းပြီးသားဖြစ်စေလို့ပါ။