8

939 122 19
                                    

"နွေ ကျွန်မကို ဘယ်တုန်းကတည်းက စသိခဲ့တာလဲ..."

နွေ့မျက်ဝန်းကလေးတွေ ဖျတ်ခနဲ လှုပ်ရှားသွားသည်ကို နွေ့ကို အသေးစိတ်ကြည့်နေတဲ့အတွက် ကာရန် သေသေချာချာမြင်လိုက်ရသည်။ပြီးတော့မှ နွေက ကာရန့်ဆီမှ အကြည့်ကို လွှဲသည်။

နွေ့ဆီကို တစ်လှမ်းတိုးလိုက်ရင်း နွေ့မျက်နှာကို စူးစိုက်ကြည့်မိတော့ တစ်ခုခုကို ပြောရန်အားတင်းလိုက်သည့်ပုံနှင့် နွေ့နှုတ်ခမ်းလေးတွေ လှုပ်ခတ်သွားသည်။

"နွေက...."

နွေ့ဆီက ခရေပန်းနံ့သင်းသင်းလေးတစ်ချက်ကို ရလိုက်တော့ ကာရန် မျက်စိစုံမှိတ်ကာ ခေါင်းကို မြန်မြန်ယမ်းလိုက်မိသည်။

"ဟင့်အင်း နွေ မဖြေနဲ့တော့ ကျွန်မ မသိ‌ချင်တော့ဘူး..."

အနည်းငယ်စိတ်သက်သာရာရသွားပေမယ့် ဘာလို့လဲဟူသော မေးခွန်းများ နွေ့မျက်ဝန်းထဲ ဝေ့ဝဲနေသည်။

"နွေ ဘယ်လိုအကြောင်းပြချက်နဲ့ ကျွန်မနားရောက်လာလဲမသိပေမယ့်လေ ကျွန်မထင်ထားသလို ဖြစ်နေမှာကိုတော့ သိပ်စိုးရိမ်မိတယ် နွေ...အဲဒါကို ကြားလဲမကြားချင်သလို ကြားနိုင်တဲ့ ခံနိုင်ရည်လဲမရှိသေးဘူး..."

နွေ့မျက်ဝန်းထဲ မျက်ရည်တွေ ပြည့်တက်လာသည်။မျက်တောင်ဖျားတွေကို ပုတ်ခတ်ရင်း နွေက ကာရန့်လက်တွေကို ကယောင်ကတမ်းလှမ်းဆုပ်သည်။

"အဲဒါကြောင့်မလို့ မပြောပါနဲ့ဦး နွေ..."

နွေ ခေါင်းကို ညွှတ်ချလိုက်တော့ မျက်ရည်တစ်စက်က ဖောက်ခနဲ လွင့်ကျသွားသည်။

"ပြီးတော့ ကျွန်မ နွေ့ရဲ့ မျက်ရည်တွေကိုလဲ မမြင်နိုင်တဲ့အပြင် မြင်နိုင်တဲ့ ခံနိုင်ရည်လဲ မရှိတော့ဘူး နွေ..."

ခပ်တိုးတိုးပြောလိုက်တော့ နွေ့ရဲ့ ဦးခေါင်းလေး ပြန်မတ်လာသည်။မျက်ရည်စတချို့ ကပ်တွယ်နေဆဲ မျက်ဝန်းတွေနဲ့ ကာရန့်မျက်နှာကို စူးစမ်းသလိုကြည့်သည်။ဘာမှ မသိသလို မျက်လုံးလေးတွေနဲ့လေ။နွေဟာ တကယ့်ကို မြတ်နိုးပစ်လိုက်ချင်စရာ။

"အဲဒါကြောင့်မလို့ ကျွန်မရှေ့မှာ ဘယ်တော့မှ မျက်ရည်ထပ်မကျပါနဲ့ ကြားရဲ့လား..."

ပထမဆုနဲ့ ထာဝရ...သူ : The Rhythm & The RhymeNơi câu chuyện tồn tại. Hãy khám phá bây giờ