ငုံ့မိုးကြည့်နေသောနွေ့မျက်ဝန်းတွေထဲတွင် ကာရန့်ပုံရိပ်ကိုပါ တွေ့နေရသည်။နီးကပ်နေသော အနေအထားကြောင့် မနေတတ်သလို ကိုယ်ကို အနောက်ကို ယိမ်းမိတော့ နွေက ဖွဖွရယ်ကာ အနောက်ကိုဆုတ်သည်။
"အေးအေးဆေးဆေးမှ ပြန်ရမယ်နော်...ကြားလား..."
ကာရန့်အဖြေကို မစောင့်ဘဲ နွေက အနောက်ကို လှည့်ထွက်သွားကာ အဝတ်ဘီဒိုကို ဆွဲဖွင့်သည်။
"အဝတ်လဲဦးမှပဲ ... ပူလိုက်တာ..."
ကိုယ်ကို ကိုင်းကာ အကျီတစ်စုံကို ဆွဲထုတ်လိုက်ရင်းမှ ခုထိ အအေးခွက်ကို ကိုင်ထားပြီး ငြိမ်နေတဲ့ ကာရန့်ကို လှမ်းမေးပါသည်။
"အဝတ်အစားလဲဦးမလား rhyme...နွေ့အဝတ်တွေက မင်းနဲ့တော့ နည်းနည်း ကြီးလောက်ပေမယ့် သက်တောင့်သက်သာဖြစ်အောင် ယူလဲထားပါလား..."
"ဟင့်အင်း ရတယ်နွေ...ပြီးတော့ ကျွန်မ ခဏနေ ပြန်ချင်တယ်..."
"အချိန်ကိုလဲ ကြည့်ပါဦး ကာရန်ရဲ့...နေ့လယ် ၁၂ကြီးမှာ လမ်းထွက်မလို့လား...ပူပါတယ်ဆို...ညနေစောင်းမှ နွေလိုက်ပို့ပေးမယ်..."
ဘုရားရေ။နှုတ်ဖျားမှ စကားအချို့သည် ရုတ်တရက် ဝတ်ထားတဲ့ တီရှပ်ကို ဆွဲချွတ်လိုက်တဲ့ နွေကြောင့် ပျောက်ဆုံးသွားရကာ နွေ့ဘက်ကို တစ်စောင်းထိုင်နေရာမှ အရှေ့ဘက်ကို ပြန်လှည့်လိုက်ရသည်။အအေးခွက်ကို ယောင်ယမ်းပြီး မော့သောက်လိုက်တော့ သီးသွားကာ ကိုယ့်ကိုကိုယ်ပါ ကျိန်ဆဲမိသွားရသည်။
"သီးသွားတာလား...rhyme..."
မှန်အရှေ့မှာ ထိုင်နေမိသည့် ကိုယ့်ကိုကိုယ်ပါ ထပ်ကျိန်ဆဲမိသွားရသည်။မှန်ထဲမှာ မြင်နေရတာနွေ့ထက် အဆပေါင်းများစွာပိုပြီး ညှို့ယူနိုင်လွန်းသည့် နွေ။အကျီကို ကိုင်ထားလျက်နဲ့ ကာရန့်ဘက်ကို စိုးရိမ်တကြီး မျက်ဝန်းတွေနဲ့ ကြည့်နေသော နွေ။လှစ်ဟာနေသည့် ကျောရိုးတစ်လျှောက်လုံးသည် ဆွဲဆောင်မှုအတိနဲ့ ပြည့်စုံနေသည်။ရိုးတိုးရိပ်တိတ်မြင်နေရသည့် အလှတရားများကြောင့် ကာရန်မျက်နှာတစ်ခုလုံး နီမြန်းလာသည်။ မဝတ်ရသေးသည့် အကျီကို ရင်ဘတ်ရှေ့မှာ ကာထားသည့် နွေ့ကို စိတ်ထဲမှ ကြိတ်ပြီး ကျေးဇူးတင်လိုက်ကာ ကာရန် နေရာမှ ခပ်မြန်မြန်ထရပ်သည်။
VOUS LISEZ
ပထမဆုနဲ့ ထာဝရ...သူ : The Rhythm & The Rhyme
Roman d'amourနွမ်းနေတဲ့ ခရေပန်းလေးတွေကို အိတ်ထဲ ထည့်ထားရင်း ခြေလှမ်းမှန်စေလိုတဲ့ဆန္ဒတွေနှင့် ဖိနပ်တစ်ရံကို ပိုက်ထားတဲ့ သံစဉ်တစ်ခုဟာ ရှင်သန်ဖို့ လုံလောက်တဲ့ အကြောင်းပြချက်တစ်ခု ဖြစ်လာခဲ့ပါတယ်...