Ep - 1

4.8K 270 95
                                    

(Unicode)

" ဂျောက် ဂျောက် ဂျောက် "

" ဒုန်း ဒုန်း ဒုန်း "

တံခါးချက်ကိုလှည့်ရုံတင်အားမရလို့ တံခါးချပ်ကို ထုတဲ့အသံတွေပါကြားလာရတော့ ရှောင်းကျန့်လည်း ညစာစားဖို့ ခေါက်ဆွဲပြုတ်နေရာမှ ဂတ်စ်မီးဖိုကို အမြန်ပိတ်ပြီး အိမ်ရှေ့ကိုပြေးလာရသည်။

ည ရှစ်နာရီအချိန်မှာ ရှောင်းကျန့်ဆီလာလည်တဲ့ ဧည့်သည်ဟူ၍ ဘယ်တုန်းကမှမရှိခဲ့။

ဒါဆို လျုံလိ ?

မဖြစ်နိုင်တာ ခုနကမှ သူမနဲ့ ရှောင်းကျန့်က လမ်းခွဲလာရတာလေ။

ဒုန်း ဒုန်း !

ခဏလေးရပ်ပြီးစဥ်းစားနေကာရှိသေး တဒုန်းဒုန်းထပ်ထုတာကြောင့် တံခါးကို အပြေးသွားဖွင့်ရသည်။

" လာပြီ လာပြီ "

တံခါးကိုဖွင့်လိုက်တာနဲ့ တစ်ပြိုင်နက် အရက်နံ့တွေက ထောင်းခနဲ ။ ခေါင်းငိုက်စိုက်ကျနေတဲ့ ထိုလူက ဘယ်ကမှန်းမသိတဲ့ ကောင်ငယ်လေးတစ်ယောက်။

လူကို အတင်းပစ်မှီလို့ တင်းတင်းကျပ်ကျပ်မလွှတ်တမ်းဖက်ထားသည်မှာ အသိစိတ်လွတ်စွာ။

" ဟေး ... ဟေး ဘယ်သူလဲ ငါ့ကိုလွှတ်စမ်း "

မော့ကြည့်လာတဲ့ မျက်ဝန်းနေတာ အရည်တလဲ့လဲ့။ ငေးမိသွားတဲ့ အခိုက်အတန့်မှာ နှလုံးသားက အခုန်မြန်လာသလိုလ်ို။

မျက်လွှာချလိုက်တော့ ပေါ်လာတဲ့မျက်ရစ်သေးသေးလေးနဲ့ မျက်ပေတုံးသလိုထင်ရတဲ့ မျက်လုံးဝိုင်းဝိုင်းလေးတွေက လှလိုက်တာ။

" ဖြန်း !"

တခဏတာအတွင်းမှင်သက်သွားတဲ့ အခိုက်အတန့်လေးမှာ ဖြန်းခနဲ အရ်ိုက်ခံလိုက်ရတဲ့ ပါးတစ်ဖက်။ ရုတ်တရက်ပါးရိုက်ခံလ်ိုက်ရတာကြောင့် ပူထူနေတဲ့ပါးတစ်ဖက်ကို လက်နဲ့အုပ်က်ိုင်ရင်း လူက ကြောင်နနနှင့်။

ဘာလား ဟ ဘလိုင်းကြီးပါးရိုက်ခံလိုက်ရတာလား !

" ငါက မင်းကို အဲ့လိုရိုက်ပစ်ချင်တာ။ ဒါပေမယ့် မင်းက မိန်းကလေးတစ်ယောက်ဖြစ်နေလို့ !"

ZERO MILE Where stories live. Discover now