Ep - 2

1.6K 211 85
                                    

(Unicode)

တီဗီမှာလွှင့်သွားတဲ့ မိုးလေဝသခန့်မှန်းချက်အရ မုန်တိုင်းကြောင့် သုံးရက်ခန့် မိုးအကြီးအကျယ်ရွာမည်တဲ့။

ကမ်းစပ်ဒေသတွေမှာ ရေလည်းကြီးနိုင်ပြီး တောင်ပေါ်ဒေသတွေမှာ မုန်တိုင်းအဖျားခတ်တဲ့ဒဏ်ကြောင့် မြေပြိုမှုတွေဖြစ်နိုင်သည်။ အရေးပေါ်အခြေအနေတွေအတွက် ကြိုတင်ပြင်ဆင်ထားဖို့ အသိပေးသွား၏။

မိုးလေဝသသတင်းပြီးတာနဲ့ တီဗီကိုပိတ်ချလိုက်သည်။ အနွေးဓာတ်ယူဖို့ ကော်ဖီပူပူတစ်ခွက်ကို လက်နှစ်ဖက်နဲ့ အသေအချာဆုပ်က်ိုင်လို့။

အိမ်နေရင်းမို့ ဟူဒီအမည်းရောင်ပွပွကြီးကို အောက်က ဘောင်းဘီ အကွက်ပွနဲ့ တွဲဝတ်ထား၏။

အပြင်ဘက်ကရာသီဥတုက 16°C ပဲရှိလို့ ချမ်းစိမ့်စိမ့်။

မနက်ကတည်းကဆိုက်တိုက်ရွာနေတဲ့မိုးမှာ ခုချိန်ထိသည်းကောင်းတုန်း။ ဒီလိုအခြေအနေနဲ့ဆို ဆိုင်လည်းပိတ်မှရမှာမို့ သူငယ်ချင်းတွေကို အခြေအနေလှမ်းပြောရင်းတိုင်ပင်လိုက်သည်။

ရာသီဥတုမကောင်းရင် နောက်သုံးရက်လောက်ထိဆိုင်မဖွင့်ဖို့။ ဆိုင်ပိတ်ပေမယ့်လည်း လိုင်းပေါ်ကရောင်းရတော့ အဆင်တော့ပြေသည်။

ရိပေါ်က ဆိုင်ထိုင်ဆို သူငယ်ချင်းနှစ်ယောက်က live လွှင့်ပြီးရောင်းတဲ့အပိုင်းကို တာဝန်ယူထားတာဖြစ်၏။ အနေအေးတဲ့ရိပေါ်ထက် သူငယ်ချင်းနှစ်ယောက်က စကားပိုကြွယ်တာကြောင့် လိုင်းပေါ်မှာလည်း သူ့မိတ်နဲ့သူတော့ အသင့်အတင့်ရှိသည်။

လိုက်ကာကိုဆွဲဖယ်လိုက်တော့ မှန်ပြတင်းပေါက်ကနေမြင်ရတဲ့ မြင်ကွင်းက အုံ့မှိုင်းလို့။ မိုးစက်တွေကလည်းတဖြောက်ဖြောက် ကောင်းကင်ကြီးကလည်း မှုန်သုန်သုန်။

လူကိုယ်တိုင်လည်း စိတ်ကြည်မနေ။ အသဲကွဲတာထက် မာနကိုထ်ိခိုက်ခံလိုက်ရတာကြောင့် ခံစားချက်က ရာသီဥတုနဲ့အတူ အုံ့တုံ့တုံ့။

ပက်လက်ကုလားထိုင်ပေါ်ထိုင်လို့ အပြင်ဘက်ကိုငေးကြည့်မိရင်း ကော်ဖီကို အရသာခံသောက်နေမိသည်။ ရာသီဥတုကြည်လင်လာတာနဲ့ သူ့စိတ်တွေပါ ကြည်လင်သွားရင် ကောင်းမှာပဲ။

ZERO MILE Where stories live. Discover now