Ep - 10

1.2K 191 135
                                    

(Unicode)

" မနက်ဖြန်ငါတို့တွေ့ရအောင် " ဆိုတဲ့ မက်ဆေ့ချ်လေးက ရိပေါ်ရဲ့ we chat ထဲရောက်နေလေ၏။

ပေးပို့လာသူက ရှင်းယွဲ့။ မက်‌ဆေ့ချ်တွေ့မှ သတိရသည်က သူမကို မဘလော့ရသေးဘူးဆိုတာကိုပင်။

ပို့ထားတာ ညလယ်လောက်ကဆိုတော့ ရိပေါ်အိပ်နေပြီဖြစ်လို့ မတွေ့လိုက်ခြင်း။

သူမနဲ့ ဆက်သွယ်စရာအကြောင်းမရှိတော့တာကြောင့် ဘလော့ပစ်လိုက်လေသည်။ ဖုန်းနံပါတ်ပါ အပါအဝင်ဖြစ်၏။

စိတ်ဒဏ်ရာပေးခဲ့တဲ့သူမနဲ့ ထပ်ပြီး မပက်သက်ချင်တော့။

သူမရဲ့မျက်နှာလည်း မြင်ကိုမမြင်ချင်တော့တာဖြစ်သည်။

.......

မတွေ့ချင်လို့ ဘလော့လိုက်ပါတယ်ဆိုမှ ဆိုင်ထိလာပြီး ဆိုင်ပေါက်ဝမှာ ရှင်းယွဲ့ကရပ်စောင့်နေလေသည်။

ကျစ် *

ရိပေါ်လည်း သူမကို မမြင်ချင်ဟန်ဆောင်၍ ဆိုင်ထဲဝင်မည်လုပ်သည်။ ဟောက်ရွှမ်းနဲ့ ကျိရန်တို့က သူမကို မလိုလားသောအကြည့်တွေနဲ့ ဆိုင်ထဲက လှမ်းကြည့်နေကြ၏။

ရှင်းယွဲ့က ရိပေါ်ရဲ့ရှေ့ကို ပိတ်ရပ်ပစ်သည်။

" ဖယ်ပေး "

" ဝမ်ရိပေါ် ငါ နင်နဲ့ပြောစရာရှိတယ် "

သူမရဲ့အသံမှာခက်ထန်စွာဖြင့် ရန်လိုနေဟန်။ မျက်နှာလှလှလေးနဲ့မှမလိုက်။

" ငါကတော့ မင်းနဲ့ပြောစရာမရှိဘူး။ မင်းပဲပြောသွားတာလေ ဟိုနေ့က ပြတ်ပြီဆို။ ကိစ္စရှင်းသွားပြီမဟုတ်ဘူးလား "

ရိပေါ်လည်း ပါးစောင်ကို လျှာထိုးလို့ ပေစောင်းစောင်းနဲ့ ကြည့်ပေးလိုက်သည်။ သူမက တစ်စုံတစ်ခုကိုလောနေပုံတော့ရသည်။ ဒါပေမယ့် ရိပေါ်နဲ့မှမဆိုင်တာ။

" မရှင်းသေးဘူး။ ပြောစရာတစ်ခုကျန်သေးတယ်။ အရေးကြီးလို့ ငါနဲ့ တစ်နေရာကိုလိုက်ခဲ့ပေးပါ "

" အရင်ကလို မင်းစကားနားထောင်မယ်လို့ထင်နေတာလား။ စိတ်ကူးယဉ်မနေနဲ့။ လာရာလမ်းကနေ လှည့်ပြန်တော့။ ငါ့ဘက်ကတော့ ဘာမှပြောစရာမရှိဘူး "

ZERO MILE Where stories live. Discover now