Ep - 11

1.2K 199 150
                                    

(Unicode)

ကျန်းစစ်နန်က ရှောင်းကျန့်ရဲ့ရှေ့မှာပဲ ရိပေါ်ရဲ့ weibo အကောင့်ကိုရော we chat အကောင့်ကိုပါတောင်းလိုက်သည်။

ရှောင်းကျန့်က ဘီလူးသံပုရာသီးစားထားတဲ့မျက်နှာနဲ့ မဲ့ရွဲ့နေလေ၏ ။

ကျန်းစစ်နန်ကလည်း သက်သက်လုပ်နေတာမို့ ရှောင်းကျန့်မှာ ဆဲချင်နေသည်။ ဒါပေမယ့်ရိပေါ်ရှိနေတာမို့ သည်းခံလိုက်၏။

ရိပေါ်ကလည်း ကျန်းစစ်နန်နဲ့ ခင်ခင်မင်မင်ရှိနေသည်ဆိုတော့ နှစ်ယောက်လုံးကို ကြည့်မရတော့ပေ။

ရှောင်းကျန့်က ဘေးလူလိုဖြစ်နေတော့ နည်းနည်း အူတိုချင်တာလည်းပါသည်။ သူ့ကျ ဘေးဖယ်ထားပြီး ခုမှသိတဲ့နှစ်ယောက်က ရင်းရင်းနှီးနှီးစကားတွေပြောနေကျတာ အမြင်ကတ်ချင်စရာကြီး။

" ဆေးကုပြီးပြီမလား ဒေါက်တာ ။ အဲတာဆ်ို ပြန်တော့မယ်လေ "

ရှောင်းကျန့်က မနေနိုင်မထိုင်နိုင်နဲ့ ဝင်ပြောလိုက်မှ စကားကောင်းနေပုံရတဲ့ နှစ်ယောက်က ဖုန်းတွေကြည့်နေရာကနေ ရှောင်းကျန့်ဘက်လှည့်လာ၏။

" ပြန်တော့မှာလား။ နေပါဦး "

"ဒေါက်တာက အားယားနေပုံပဲနော်။ နောက်လူနာတွေမရှိတော့ဘူးထင်တယ် "

" ဂျူတီချိန်ပြီးပြီလေ "

ပရော်ဘလန် ? ပြသနာရှိလို့လား ဆိုတဲ့ သဘောနဲ့ ကျန်းနန်စစ်က ပခုံးနှစ်ဖက်ကိုတွန့်လို့ ခေါင်းစောင်းကာ နှုတ်ခမ်းကိုပါ ရွဲ့ပြသည်။

ရှောင်းကျန့်က ရိပေါ်ရှေ့မို့ ကျန်းစစ်နန်ကို လက်သီးဆုပ်ပြမရတာကြောင့် မျက်လုံးအမူအရာတွေနဲ့ပဲ ခြိမ်းခြောက်နေရသည်။

ရိပေါ်ရှေ့မှာ ရှောင်းကျန့်က သူ့ကို လူကြမ်းကြီးလို့ အမြင်မခံနိုင်တာကြောင့်ပင်။

" ဟို ... ဒေါက်တာကျန်း ကျွန်တော်တို့လည်း ပြန်တော့မယ်နော်။ နောက်ကျနေပြီလားလို့ "

မကြည်မသာဖြစ်နေတဲ့ ရှောင်းကျန့်ကိုအကဲခတ်မိလို့ ရိပေါ်က စကားဖြတ်ပြောလ်ိုက်ရ၏။

ဒေါက်တာကပြောသည်မှာ ကျန့်ကောနဲ့သူက ငယ်ပေါင်းသူငယ်ချင်းတွေဖြစ်သည်တဲ့။ ရိပေါ်နဲ့ရှောင်းကျန့်နဲ့ကလည်း ခင်နေတော့ သူလည်း ရိပေါ်ကို ခင်ချင်ပါတယ်ဆိုပြီး we chat အကောင့်တွေရော weibo အကောင့်တွေရောပါတောင်းနေတာပင်။

ZERO MILE Where stories live. Discover now