Ep - 7

1.1K 174 56
                                    

(Unicode)

ရှောင်းကျန့်က ရိပေါ်ကို မြေအောက်ကားပါကင်ဆီဆွဲခေါ်ခဲ့၏။

ဒီနေ့ရှောင်းကျန့်ကကားနဲ့ လာခဲ့တာဖြစ်သည်။ ရိပေါ်ကို ကားထဲသွင်းလိုက်ပြီး ရှောင်းကျန့်လည်း driver seat မှာဝင်ထိုင်လိုက်သည်။ ထို့နောက် ကားစက်နှိုးကာ ကားအဲကွန်းဖွင့်လိုက်၏။

ရိပေါ်မှာလည်း ကောင်မလေးကိုစိတ်နာတာကတစ်မျိုး ရှောင်းကျန့်ကြောင့် လက်ကောက်ဝတ်နာတာက တစ်မျိုးနှင့် ပိုလို့တောင်ငိုချင်လာသည်။

နှာတရှုံ့ရှုံ့နှင့် မငိုမိအောင် ထိန်းထားရသည်။

" ငိုချင်နေတယ်မလား ငိုချလိုက် "

" ဟင့်အင်း "

ရိပေါ်မှာ ငိုချင်နေရဲ့သားနဲ့ ခေါင်းကိုငုံ့လို့ ခေါင်းကိုအတင်းခါပြနေသည်။ အသံမထွက်အောင် အောက်နှုတ်ခမ်းကို ဖိကိုက်ထား၏။

" ကျစ် * ဝမ်ရိပေါ် ခေါင်းမမာသင့်တဲ့နေရာမမာစမ်းနဲ့ "

ရှောင်းကျန့်က ရိပေါ်ရဲ့ မျက်နှာကို လက်နဲ့ ဆွဲယူလို့ မော့စေလိုက်တော့ မျက်ရည်တွေက ရိပေါ်ပါးပြင်ပေါ်စီးကျလာ၏။

" ဘာလုပ်တာလဲ။ ဖယ် "

ရိပေါ်က ရှောင်းကျန့်ရဲ့လက်တွေကိုရိုက်ချပစ်သည်။

" ငိုစရာရှိတာငိုတာမဟုတ်ဘူး ။ ငိုချလိုက်လေ စိတ်ပေါ့သွားအောင်ထိငိုချလိုက် ။ ငိုလေ ငို "

ငိုနေပါတယ်ဆိုမှ အတင်းငိုခိုင်းနေတဲ့ရှောင်းကျန့်က ရိပေါ်ကို ရွဲ့နေသလားဟုတောင် အောက်မေ့ရသည်။ ရေနစ်သူဝါးကူထိုးနေသလိုမျိုးဖြစ်သွား၏။

တကယ်က ရိပေါ်ကို အားရပါးရအော်ဟစ်ငိုယိုစေပြီး စိတ်ပေါ့သွားစေချင်တာဖြစ်သည်။

ယောကျာ်လေးအချင်းချင်းရှေ့မှာ ငိုစရာလား။ ရိပေါ်တို့က ယောကျာ်းချင်းအထင်အသေးမခံနိုင်ဘူး။ ဒါပေမယ့်လည်း ဝမ်းနည်းလာ၏။

" ကျန့်ကော ကျွန်တော့်ကို လှောင်နေတာလား။ အိ ! "

ရိပေါ်မှာ နှုတ်ခမ်းလေးကိုမဲ့လို့ မျက်ရည်တွေက မျက်ဝန်းအိမ်ထဲကနေပြိုအိကျလာသည်။

ZERO MILE Where stories live. Discover now