Ep - 5

1.2K 172 92
                                    

(Unicode)

တစ်ပတ်အကြာ မုန်တိုင်းစဲသွားပြီးနောက် အရာအားလုံး ပုံမှန်အတိုင်းစတင်လည်ပတ်တော့မည်ဖြစ်သည်။

ရိပေါ်သည်လည်း ရှောင်းကျန့်အိမ်ကနေ တစ်ပတ်လုံးမခွာဖြစ်။ ရှောင်းကျန့်ချက်ကျွေးတာစားလို့ ရှောင်းကျန့်အဝတ်တွေအထိ ယူဝတ်ရင်း သူတို့နှစ်ယောက်ရဲ့ ရင်းနှီးမှုက တစ်ပတ်အတွင်း အတော်လေးခိုင်မာသွားသည်ဟုဆိုရမည်။

ညအိပ်ရင်ဖက်လုံးနဲ့မှ အိပ်တတ်တာကြောင့် ဖက်လုံးကိုတော့ အိမ်ပြန်ယူရသည်။ သို့သော် ဖက်လုံးဖက်ထားပေမယ့်လည်း မနက်ရောက်ရင် ရှောင်းကျန့်ရင်ဘတ်ကိုခေါင်းအုံးလို့ ရှောင်းကျန့်တစ်ကိုယ်လုံးကို သိမ်းကြုံးခွထားမိသည်မှာလည်း ရက်အနည်းငယ်အတွင်းဖြစ်သွားသော အကျင့်။

ယခုလက်ရှိအချိန်က မနက် ရှစ်နာရီ ။ ရာသီဥတုသာယာစဆိုတော့ တစ်ပတ်လုံးရွာထားတဲ့ မိုးရေစက်တွေကတော့ တစ်ပေါက်ပေါက်ကျလျက်ရှိသေးသည်။

မိုးသားအုပ်အုပ်တွေ အပြာရောင် ကောင်းကင်ပေါ်က ဖယ်ခွာသွားပြီဆိုတော့ နေလုံးကြီးကလည်း သူ့အလှည့်မို့ အားမာန်အပြည့်နဲ့ ပေါ်ထွက်လာလေသည်။

ရိပေါ်နဲ့ ရှောင်းကျန့်မှာတော့ အိပ်ကောင်းနေဆဲဖြစ်၍ မနိုးကြသေး။ ရိပေါ်ရဲ့ ခေါင်းမှာ ရှောင်းကျန့်ရဲ့ လက်မောင်းကို ခေါင်းအုံးလျက်ဖြစ်နေပြီး ခြေထောက်တွေကတော့ ရှောင်းကျန့်ရဲ့ ခြေချောင်းတွေအပေါ်ကို သ်ိုင်းခွထား၏။ ရှောင်းကျန့်ကလည်း ရိပေါ်ကို ရင်ခွင်ထဲထည့်ဖက်ထားသော အနေအထား။

ခဏကြာတော့ ရှောင်းကျန့်က ရိပေါ်ထက် အရင်စောနိုးလာသည်။ မျက်လုံးနှစ်လုံး ပွင့်လာသည်နှင့် အရင်ဆုံးမြင်ရတာက ရိပေါ်ရဲ့ မျက်နှာလုံးလုံးလေးပင်ဖြစ်၏။

လက်မောင်းပေါ်ကို မျက်နှာ တစ်ခြမ်းဖိ၍ အိပ်နေဆဲဖြစ်တာကြောင့် ဖိထားတဲ့ ပါးတစ်ခြမ်းမှာ မို့မို့လုံးလုံးလေးဖြစ်ကာ စူထွက်နေသည်။

ညဆို ရှောင်းကျန့်ကို ကျောပေးပြီးအိပ်တတ်တဲ့ကောင်လေးက မနက်ခင်းရောက်တိုင်း ရင်ခွင်ထဲရောက်ရောက်နေတတ်သည်။

ZERO MILE Donde viven las historias. Descúbrelo ahora